-
Movie Name
-
Camp Rock (2008)
-
Year
-
2008
-
Generes
-
Comedy, Drama, Family
-
Code
-
EN0906
-
Type
-
Movie
-
Size
-
1.11 GB
-
Country
-
Hollywood
-
Description
-
Camp Rock (2008)
================
သူ့ခေတ်သူ့အခါက ခေတ်ထခဲ့တဲ့ Disney Musical Movie ကောင်းကောင်းလေး တစ်ပုဒ်နဲ့
မိတ်ဆက်ပေးချင်ပါတယ်။ အခုထိလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးတွေဖြစ်ကြတဲ့ Jonas
Brothers ညီအစ်ကိုသုံးယောက်နဲ့ အဆိုတော် Demi Lovato တို့ အဓိက ပါ၀င် သရုပ်ဆောင်ထား
ပါတယ်။
ဇာတ်လမ်းအကျဉ်း . . .
Camp Rock ဆိုတဲ့ နွေရာသီစခန်းက ဂီတ ရူးသွပ်သူ လူငယ်တွေအတွက် မျှော်လင့်ချက်တွေ
ယူဆောင်လာပေးပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ကမ့်တစ်ခုပါ။ မစ်ချီဆိုတဲ့
ကောင်မလေးဟာ ဂီတကို ခုံမင်သူ ပီပီ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒီ ကမ့်ကို သွားဖို့ ဒုံးစိုင်းနေသူပေါ့။
ငွေရေးကြေးရေးအခြေအနေကြောင့် လိုက်မပို့နိုင်ကြောင်း မိခင်ဖြစ်သူက ပြောလိုက်တဲ့အခါ
ကျောင်းနောက်ဆုံးနေ့မှာ မစ်ချီ့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ မစ်ချီဟာ
Camp Rock နဲ့ ကံပါလာသူ ဖြစ်တယ်ထင်ပါရဲ့ စားဖိုမှူးဖြစ်တဲ့ သူ့အမေကို ကမ့်က အစားအသောက်
တာ၀န်ခံအဖြစ်လာငှားတဲ့ ကျေးဇူးနဲ့ သူ တောင့်တတဲ့ Camp ကို သွားခွင့်ရခဲ့ပါတယ်။
သာမန်ကျောင်းသူလေးဖြစ်ပြီး နဂိုက လူတောမတိုးရဲတဲ့ မစ်ချီတစ်ယောက် Camp Rock မှာ လူတန်းစား
ပေါင်းစုံ စရိုက်မျိုးစုံနဲ့ တွေ့တဲ့အခါ . . . သူ ဘာတွေလုပ်ပြီး ဘယ်လိုတွေ ဖြေရှင်းမလဲဆိုတာ ဆက်လက်
ကြည့်ရှုပေးကြပါဦး။
ဒီဇာတ်လမ်းလေးဟာ ဂီတကို ရူးသွပ်သူတွေအတွက် ခွန်အားပေးနိုင်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
သူ့ခေတ်တုန်းက လူကြိုက်များခဲ့တဲ့ This is Me, Play My Music, Gotta Find You သီချင်းတွေအပြင်
များစွာသော သီချင်းကောင်းတွေ ပါ၀င်ပါတယ်။ ဂီတရုပ်ရှင်ဖြစ်ပေမဲ့ ဇာတ်အိမ်လည်း ခိုင်တာမလို့ worth
watching ဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲခင်ဗျာ