Movie Name
ENTERTAINMENT (2014)
Year
2014
Generes
Comedy
Code
00087
Type
Movie
Size
995 MB
Country
Bollywood
Description
ဟာသဇာတ်လမ်းလေးနဲ့ဘဝရဲ့ ချစ်ခြင်းမေတ္တာကို တွဲဖက်ကြည့်ရင်း အားလပ်ချိန် ကိုအပန်းဖြေချင်ရင်တော့ ဒီဇာတ်ကားလေး ကိုညွှန်းဆိုပါရစေ။ဇာတ်လမ်းအကျဉ်းအခီ ( အရှေးကူးမား) ဟာကြုံရာကျပန်း လုပ်ကိုင်နေရတဲ့ သူဆင်းရဲတစ်ဦးပေါ့။ဒါပေမဲ့ သူ့မှာ သိပ်ချောလွန်းတဲ့ ရည်းစားလေးတစ်ဦးရှိတယ်။ သူမ နာမည်က ဆက်ရှီ။အခီ ဟာ ဆက်ရှီကို လက်ထပ်ဖို့ ယောက္ခမ ကိုခွင့်ပန်ခဲ့သည်။သို့သော် ချမ်းသာသူနှင့်သာ ပေးစားလိုသော အဖေတစ်ယောက်အဖို့ အခီကို လုံးဝသဘောမတူခဲ့ပေ။ မီလီလျံနာတစ်ဦးသာ ဖြစ်ခဲ့လျှင် အချိန်မရွေး လက်ထပ်ပေးမယ်ဟု ကတိပေးခဲ့လေသည်။ကံကြမ္မာ သည်ကား မျက်လှည့်ဆန်လွန်းသည်။ ထို့သို့နှင့် အခီ၏မွေးစားအဖေ ပြောပြချက်အရ အခီ မှာ မီလီလျံနာတစ်ဦး၏ သားဖြစ်နေကြောင်း သိလိုက်ရလေသည်။ ထိုသူဌေးမှာလည်း ကွယ်လွန်၍ အမွေဆက်ဆံမည့်သူသည် အခီသာ ရှိတော့သည်။သို့သော် အခီ ရောက်ရှိခဲ့ချိန်မှာတော့ အမွေဆက်ခံရသွားသူက Entertainment ဟူသော ခွေးတစ်ကောင်ဖြစ်နေလေ၏။ အခီအဖို့တော့ အလာကောင်း အခါနှောင်း ဖြစ်နေရသည့်အဆုံး အခီသည် entertainment.ခွေးအားသတ်ရန် နည်းမျိုးစုံသုံးကာ လုပ်ကြံခဲ့သည်။သို့သော် အောင်မြင်မှု မရသေးချေ။ထိုစဉ် မျှော်လင့်မထားဘဲ အမွေလာလုသူနှစ်ဦးက အခီအဖေရဲ့ ညီဝမ်းကွဲ အာဂျန်နဲ့ ကာရန် ။ အာဂျန်နဲ့ ကာရန် ဟာလည်း အခီနဲ့ entertainment ခွေးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ပြန်သည်။တစ်နေ့မှာတော့ အခီသည် entertainment ခွေးအား အန္တရာယ်ရှိလှသော ရေခဲပြင်ထက်တွင် လုပ်ကြံရန် ကြိုးစားခဲ့သည်။ ရည်ရွယ်ချက်မှာတော့ ရေခဲပြင်အက်ကြောင်းမှတစ်ဆင့် အေးခဲလွန်းသောရေစိုင်တွင် မရှုမလှသေဆုံးစေရန် ဖြစ်သည်။ထိုအချိန် နှင့် တစ်ပြိုင်နက်တည်းမှာပင် အာဂျန်နဲ့ ကာရန်တို့ကလည်း အခီ၏ နောက်ကွယ်မှ ရေခဲအက်ကြောင်းဖန်တီးပြီး လုပ်ကြံလိုက်သောအခါမှာတော့ —–???ကဲ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာတော့ ရင်ခုန်စောင့်စားကြပါဦး။ဒီဇာတ်ကားမှာတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ လူသားတွေနဲ့ တိရစ္ဆာန် ကြား ကရုဏာ မေတ္တာ ကိုဖော်ကျူးသွားပြီး လောဘရမ္မက်ရဲ့ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်စေမိပါတယ်။ထို့ပြင် ခွေးလိမ္မာလေး entertainment ရဲ့ ချစ်စရာဟန်ပန်တို့က ခွေးချစ်သူတို့အတွက် စွဲမက်ကြည်နူးစေနိုင်သလို အသွားအပြန် ချစ်ခြင်းမေတ္တာနဲ့ ဟာသရသ ကလည်း အသက်ရှည် ရယ်မောစေနိုင်ဦးမှာပါ။ဒါကြောင့် CM ပရိသတ်ကြီးအနေဖြင့် အားပေးကြပါဦးလို့ ညွှန်းခဲ့ပါရစေ။