-
Movie Name
-
Feria The Darkest Light (2022)
-
Year
-
2022
-
Generes
-
Crime, Horror, Thriller
-
Code
-
SE0199
-
Type
-
Series
-
Size
-
2.37 GB
-
Country
-
Hollywood
-
Description
-
1-8 Complete
Feria: The Darkest Light (2022)
IMDb Rating – 8.1/10
Netflixရဲ့ ဒီနေ့ထွက် စပိန် thriller ဇာတ်လမ်းတွဲဖြစ်ပြီး
၈ပိုင်းအပြီး ထွက်ရှိထားတဲ့ Cultအသားပေး horror,
mysteryနဲ့ thriller seriesပဲဖြစ်ပါတယ်
ကိုးကွယ်ယုံကြည်ရာတစ်ခုကို မျက်စိစုံမှိတ် နားပိတ်ပြီး
အမှားကိုအမှန်ထင်၊ အမှန်ပြင်ပေမဲ့ အမှားမမြင်တဲ့အခါ
အစွန်းရောက်ဖြစ်လာသလို နောက်ဆက်တွဲအဖြစ် ဥပါဒန်
ကြောင့်ဥပဒ်သင့်ပြီး မဖြစ်သင့်မဖြစ်ထိုက်တဲ့ဆိုးကျိုးတွေ
ကပ်ပါလာတတ်ပါတယ်။
တစ်ခါတလေမှာ ကိုယ်က ပြုသူမဟုတ်ရင်တောင် ကိုယ့်
ဆွေမျိုးတွေ မိတ်ဆွေတွေရဲ့ လုပ်ရပ်က ကိုယ့်ကိုစက်ကွင်း
မလွတ် ဖြစ်စေပါသေးတယ်၊ ဒီSeriesမှာ အဲဒီစက်ကွင်းရဲ့
ဒဏ်ကိုခံရသူတွေကတော့ အယ်ဗာနဲ့ဆိုဖီယာတို့ ညီအစ်မ
၂ယောက်ပဲဖြစ်ပါတယ်။
သူတို့ရဲ့မိခင် အယ်လယ်နာဟာ Cult of Lightအသင်းတော်
ရဲ့ အရေးပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂိုဏ်းရဲ့Ritualအတွက်
လူပေါင်း၂၃ယောက်ကို သေဆုံးစေသူအဖြစ် သံသယရှိခံရသူ
ဖြစ်နေပါတယ်၊ မိခင်ရဲ့ကိုးကွယ်ယုံကြည်မှုကြောင့်ဖြစ်လာတဲ့
အကျိူးဆက်တွေကို ညီအစ်မ၂ယောက် ခါးစည်းခံရင်း မိခင်
ပျောက် လိုက်ရှာရမှ ထိုCultရဲ့ အတွင်းလျှို့ဝှက်ချက်တွေ၊
သဘာဝလွန်ဖြစ်ရပ်တွေနဲ့မှ တည့်တည့်သွားတိုးမိလေရာ…။
Cult genreရဲ့ထုံးစံအတိုင်း ယစ်ပူဇော်မှုဓလေ့တွေ၊ သွေးသံ
ရဲရဲပြကွက်တွေပါဝင်သလို စပိန်ဇာတ်လမ်းတို့ ထုံးစံအတိုင်း
Eroticဆန်ဆန် sceneတွေလည်း အတော်ပါဝင်တာမလို့
မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သိပ်မသင့်တော်ပါဘူး။