-
Movie Name
-
House M.D (Season 1 To 8) (2004)
-
Year
-
2004
-
Generes
-
Drama
-
Code
-
SE0079
-
Type
-
Series
-
Size
-
68.4 GB
-
Country
-
Hollywood
-
Description
-
Season1 [1-22], Season2 [1-24], Season3 [1-24], Season4 [1-16], Season5 [1-24], Season6 [1-22],Season 7 [1-23], Season 8 [1-22]
ဒီ ဇာတ်လမ်းတွဲကို ၂၀၁၁ တုန်းက ကျွန်တော့်ဆရာက ညွှန်းလို့ ကြည့်ဖြစ်ခဲ့လိုက်တာပါ။ တစ်ပိုင်းကြည့်ပြီးသွားတော့ စွဲသွားပြီး အဆုံးထိ ဆက်တိုက်ကြည့်မိသွားတယ်။ အဲဒါပြီးတော့ အစအဆုံး နောက်ထပ် ၂ ခေါက်ထပ်ကြည့်မိသေးတယ်။ ဒီတော့ ကျွန်တော့်အကြိုက်ဆုံး ဇာတ်လမ်းတွဲ စာရင်းထဲမှာ ပါပါတယ်။ အပိုင်းတွေက အရမ်းများတာရယ်၊ ဘာသာပြန်ဖို့ ခက်တာရယ်ကြောင့် အများကြည့်ဖို့ ပြန်မရှဲဖြစ်ခဲ့တာပါ။ အခုတော့ နည်းနည်းချင်း ဘာသာပြန်ပေးဖို့ ရည်ရွယ်ပြီး စလိုက်ပါပြီ။ တစ်ခုတော့ ကြိုတင်တောင်းပန်ထားချင်ပါတယ်။ ဒီစီးရီးက ၇ နှစ်ကြာအောင် လွှင့်ခဲ့တဲ့ စီးရီးပါ။ ကျွန်တော်လည်း အလုပ်တွေတစ်ဖက်နဲ့ ဖြည်းဖြည်းချင်း ဘာသာပြန်ပေးမှာမို့ အပိုင်းတွေ အများကြီး ဆက်တိုက်တက်လာမှာတော့ မဟုတ်ဘူး။ တီဗီက အပတ်စဉ်လွှင့်သလိုသဘောထားပြီး မေ့မေ့ပျောက်ပျောက် အေးအေးဆေးဆေးပဲ ကြည့်ကြပါ။ တစ်ပိုင်းချင်းဆီ ရသ ပေးတာမို့ တန်းလန်းကြီးတော့ မမျှော်ရပါဘူး။ ဇာတ်လမ်းအမျိုးအစားကတော့ ဆေးပညာဆိုင်ရာ ဒရာမာ ဇာတ်လမ်းတွဲပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ဆရာဝန်တစ်ယောက်ပါ။ Doctor House လို့ ခေါ်ပါတယ်။ ကူးစက်ရောဂါနဲ့ ကျောက်ကပ်ရောဂါ ပါရဂူပါ။ သူက ဆေးရုံမှာ ရောဂါရှာဖွေဌာနတစ်ခု တည်ထောင်ထားပြီး အရည်အချင်းအပြည့်လွန်နေတဲ့ ဆရာဝန် အငယ် ၃ ယောက်နဲ့ အတူ အလုပ်လုပ်ပါတယ်။ ဆေးရုံပေါင်းစုံက အဖြေရှာမရတဲ့ ကေ့စ်တွေ၊ အခက်ခဲဆုံး ကေ့စ်တွေကိုပဲ သီးသန့် အဖြေရှာ ကုသပါတယ်။ သူ့ရဲ့ အခင်မင်ဆုံး မိတ်ဆွေကတော့ ကင်ဆာအထူးကု ဒေါက်တာ ဝယ်ဆန် ပါတဲ့။ နာမည်လေးတွေက တစ်ခုခုနဲ့ ခပ်ဆင်ဆင် ဖြစ်နေတယ်လို့ မထင်ဘူးလား။ တကယ်တော့ ဒေါက်တာ ဟောက်စ် နဲ့ ဒေါက်တာ ဝယ်ဆန် ဆိုတာ ရှားလော့ဟုမ်း နဲ ဒေါက်တာဝပ်ဆန်ကို အတုယူထားတာပါ။ ဒေါက်တာ ဟောက်စ်က ရှားလော့ဟုမ်း သိပ်ဆန်ပါတယ်။ လူနာတွေကို အတွေ့မခံဘူး။ လူတိုင်းက လိမ်တတ်တယ်လို့ ခံယူထားတယ်။ စိတ်ထဲရှိတဲ့ ဘုကလန့်တွေချည်းပဲ ပြောတယ်။ ဒါပေမယ့် ဆေးရုံမှာ အတော်ဆုံး ဆရာဝန်ဖြစ်တဲ့အတွက် ဆေးရုံအုပ်က အစ ခင်မင်မှုနဲ့ သည်းခံထားရတဲ့လူပါ။ ရောဂါကို ရိုးရိုးရှာလို့မတွေ့ရင် လူနာအိမ်တွေကို ခိုးဝင်ပြီး သဲလွန်စတွေရှာတယ်။ လူနာမသိအောင် ခိုးပြီး ဆေးစစ်တာတွေ လုပ်တယ်။ သူကုထုံးကို လက်မခံရင်ခိုးကုတယ်၊ တရားစွဲခံပြီးကုတယ်၊ တကယ့် ပြဿနာအိုးပါပဲ။ ပြင်ပလူနာကြည့်ဖို့ ပတ်ရှောင်နေတာ လူနာကြည့်ချိန် အကြွေး ၆ နှစ်စာလောက်တောင် တင်နေပါပြီ။ ပျင်းဖို့ကောင်းတဲ့ လူနာတွေ မကုချင်လို့ပါတဲ့။ မလွှဲသာလို့ ကုရပြီဆိုလည်း တစ်ချက်ကြည့်ပြီး အဖြေတန်းသိလို့ ဘုကလန့်ပြောလွှတ်ပြီး ကုပေးလိုက်တဲ့သူမျိုးပါပဲ။ ဂွစာ စူပါမန်း ဆရာဝန်ပဲ ဆိုပါတော့။ သူ့မိတ်ဆွေ ဒေါက်တာ ဝယ်ဆန်ကတော့ သဘောကောင်း မနောကောင်း တကယ့် ဆရာဝန် လူကောင်းပါ။ ဒေါက်တာဟောက်စ်ကိုလည်း အရမ်းသည်းခံပြီး အရမ်းခင်ပါတယ်။ ဒေါက်တာဟောက်စ်ဟာ ရုပ်ရှင်သမိုင်းတလျှောက် ရွဲ့ပြောတဲ့၊ ဘုကလန့်ပြောတဲ့စကားတွေကို အပြောင်မြောက်ဆုံး ပြောနိုင်ခဲ့တဲ့ ဇာတ်ကောင်ထဲမှာ ပါပါတယ်။ သူ တစ်ခွန်းပြောလိုက်တိုင်း ခွီးကနဲ ထရယ်ရယ်မိလောက်အောင်ကို ထိမိပါတယ်။ စီးရီးကလည်း တကယ်ကို ရှားပါးတဲ့ ရောဂါတွေမို့ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ တကယ်အမှုလိုက်နေရတဲ့အတိုင်းပါပဲ။ ဒီတော့ ဆေးပညာစိတ်ဝင်စားသူတွေရော၊ ဒရာမာ ကောင်းကောင်းကြိုက်သူတွေရော၊ ဘုကလန့်စကားတွေ နားထောင်ရတာ ကြိုက်တဲ့သူတွေရော စိတ်ကြိုက်တွေ့မယ် စီးရီးပါပဲ။ ကြည့်စေချင်ပါတယ်။ ကြိုက်ကြမှာပါ။