-
Movie Name
-
Itazura Na Kiss(Mischievous Kiss) (Love In Tokyo) (2013)
-
Year
-
2013
-
Generes
-
Comedy, Romance
-
Code
-
SJP0019
-
Type
-
Series
-
Size
-
1.32 GB
-
Country
-
Japan
-
Description
-
season 1 - 16 complete
ဇာတ်လမ်းကတော့ အအိဟရ ကိုတိုကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ
သူမဟာ သူမကြိတ်ချစ်နေရတဲ့ကောင်လေးဖြစ်တဲ့ အိရိအဲ ကို သူ့ရဲ့အချစ်တွေကို ဖွင့်ပြောပြဖို့ သတ္တိဗျတ္တိတွေ အားအင်တွေအပြည့်စုစည်းပြီး ကျောင်းတံခါးရှေ့မှာ စောင့်ပြီး စာလေးသွားပေးခဲ့ပါတယ်
ဆိုပေမယ့် သနားဖို့ကောင်းစွာနဲ့ပဲ ဟိုက မာနတစ်ခွဲသားနဲ့ မယူခဲ့တဲ့အပြင် ခြေထောက်နဲ့ပါတက်နင်းသွားပါသေးတယ်
ကိုတိုကိုရဲ့ နှလုံးသားလေးရော ရှိသမျှ အရှက်တွေပါ ဗြန်းဗြန်းကွဲခဲ့ရပေါ့
အဲ့ဒီ့ကနေ ချစ်စရာဇာတ်လမ်းလေးတစ်ခုအစပြုခဲ့ပါတော့တယ်
ဒါပေမယ့် ကံဆိုးမှုတွေဟာရပ်တန့်မနေသေးပဲ အဲ့နေ့ပြီးနောက်နေ့မှာ သူမရဲ့အိမ်ပေါ်ကို ဥက္ကာခဲကြွေကျတာကနေ မြေငလျင်လှုပ်ပြီး သူမတို့ သားအဖနှစ်ဦး ရဲ့အိမ်လေးတစ်လုံးပဲ ကွက်ပြိုကျသွားခဲ့ပါတယ်
ဒါပေမယ့် ကံပြန်ကောင်းတယ်ဆိုရမလားပဲ နေစရာမရှိတော့တဲ့ ကိုတိုကို တို့သားအဖနှစ်ယောက်ကို သူမအဖေရဲ့ငယ်သူငယ်ချင်းက လိုလိုလားလားနဲ့ သူ့အိမ်မှာလာနေစေခဲ့ပါတယ်
ဒါပေမယ့် ကံထပ်ဆိုးတယ်ပဲပြောရမလား ကံကောင်းတယ်ပဲပြောရမလား အဲ့ဒီအိမ်ဟာ သူမဖွင့်ပြောခဲ့တဲ့ သူမကြိတ်ချစ်ခဲ့ရတဲ့ ရှိသမျှ မာနတွေ မြောင်းထဲအရောက်ခံပြီး ဖွင့်ပြောခဲ့တဲ့ အိရိအဲ ရဲ့ အိမ်ဖြစ်နေခဲ့တဲ့အခါ……
သရုပ်ဆောင်တွေဖြစ်ကြတဲ့ Honoka Miki,Yuki Furukawa,Yuuki Yamada တို့ကလည်း အရမ်းချစ်ဖို့ကောင်းတော့ ဂျပန်ဒရာမာပရိသတ်တွေ ကြည့်ရှုခံစားသင့်တဲ့ စီးရီးလေးတစ်ခုဖြစ်ပါကြောင်း
သုံးယောက်သားက တော်တော်လည်းရယ်ရတယ် 🤣