Movie Name
Goblin
Year
2016
Generes
Comedy, Fantasy, Romance
Code
SKR0231
Type
Series
Size
5.82 GB
Country
Korea
Description
မင်္ဂလာပါ..လတ်တလောပြသနေတဲ့ tvn ရုပ်သံလိုင်းကထုတ်လွှင့်နေတဲ့နာမည်ကြီး Drama လေးတစ်ခုနဲ့ Channel Myanmar မှ မိတ်ဆက်ပေးလိုက်ပါတယ်..အပိုင်း ၁ကနေ ၁၂ အထိကိုတော့ Fiv Entertainment က ကူညီပေးထားပါတယ်..အညွှန်းလေးကိုခံစားကြည့်လိုက်ရအောင်ဗျာ ကင်ရှင်းဟာ ကမ္ဘာမြေကြီးပေါ်မှာ နှစ်ပေါင်း ကိုးရာကျော်တိုင်အောင်အသက်ရှင်လာခဲ့တဲ့ မှင်စာ တစ်ကောင်ပါ..သူ့လူဘဝတုန်းကတော့ သူဟာမတရားစွပ်စွဲခံရပြီး မင်းကြီးကသတ်လိုက်လို့သေဆုံး ခဲ့ရတဲ့သစ္စာရှိစစ်သူကြီးတစ်ဦးပေါ့..သို့ပေမယ့်လည်း သူသတ်ခဲ့တဲ့ရန်သူပေါင်းများစွာ ဒီအပြစ်တွေ ကြောင့် ဘုရားသခင်ဟာ သူ့ကိုမှင်စာအဖြစ်ဖန်တီးခဲ့ပြီး ထာဝရအသက်ရှင်စေတဲ့ အပြစ်ကို ပေးလိုက်ပါတယ်.ကိုယ်ချစ်တဲ့သူတွေကိုယ့်ကိုစွန့်ခွာသွားတာတွေ..တစ်ယောက်တည်းအထီးကျန်မှု တွေကိုနာကျဉ်ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပါ..ဒါပေမယ့် ဒီကျိန်စာက လွတ်မြောက်ဖို့အတွက် သူသေဆုံးတုန်းက သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓါးကို ဆွဲနှုတ်နိုင်တဲ့ မှင်စာရဲ့သတို့သမီးပေါ်လာမှသာလျှင် မှင်စာအဖြစ်မှာတောင်သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓါးကို ဆွဲနှုတ်ပြီး ပြာအဖြစ်လောင်ကျွမ်းကာ ငြိမ်းချမ်းခွင့်ရမှာပါ..သူနဲ့အတူနေထိုင်တဲ့ သေမင်းတစ်ယောက်လည်းရှိပါတယ်.. ကဲ..မှင်စာတစ်ယောက် သူ့သတို့သမီးကိုရှာနိုင်မလား..သူနဲ့အတူနေထိုင်တဲ့သေမင်းနဲ့ ပတ်သတ်ဆက်နွယ်မှုတွေ..ဘာတွေဖြစ်လာမလဲဆိုတဲ့ Goblin ဆိုတဲ့စီးရီးတွဲလေးကို စိတ်ဝင်တစားကြည့်ရှုနိုင်ပါပြီ