-
Movie Name
-
The Untold Story Of Tang Dynasty (ထန်မင်းဆက်မှအရှုပ်တော်ပုံ) (2021)
-
Year
-
2021
-
Generes
-
Historical, Romance, Thriller
-
Code
-
SC0486
-
Type
-
Series
-
Size
-
6.08 GB
-
Country
-
China
-
Description
-
1-20 complete
ဇာတ်လမ်းအညွှန်း
ထန်မင်းဆက်သစ်ရဲ့လီကျန့်ကွမ်းအချိန်ကာလမှာကမ္ဘာကြီးရဲ့အနာဂတ်ကိုကြိုဟောပြောနိုင်တဲ့စာမျက်နှာအပိုင်းအစအတိုအပြတ်လေးတွေကလူလောကမှာပြန်လည်ပေါ်ထွက်လာခဲ့ပြီးအမျိုးသမီးဧကရာဇ်ဟောင်းရှောင်းကအနာဂတ်မှာလူပြန်ဝင်စားပြီးထီးနန်းကိုပြန်လည်လုယူလိမ့်မယ်ဆိုတဲ့ကောလဟာလတွေဟာကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတဲ့အချိန်...
အလွန်တရာထူးဆန်းပြီးရက်စက်လှတဲ့လူသတ်မှုကြီးတွေကပါတစ်ခုပြီးတစ်ခုစတင်ပေါ်ပေါက်လာပြီးအမှုတိုင်းရဲ့သံသယဝင်စရာအချက်တွေအားလုံးကလဲဧကရာဇ်ရဲ့အချစ်တော်မိဖုရားငယ်ယွိကိုညွှန်ပြလို့နေတော့လူတွေကအထိတ်အလန့်ဖြစ်လာကြတာပေါ့။
အဲ့အချိန်မှာပဲအရည်အချင်းရှိတာကြောင့်နာမည်ဂုဏ်သတင်းကျော်ကြားနေတဲ့လီမော့ပိုင်ဟာပြည်သူတွေအတွက်နန်းတွင်းထဲဝင်ပြီးအရာရှိတွေကိုတောင်းဆိုတော့တယ်
နောက်ဆုံးတော့တော်ဝင်မိဖုရားအတွက်ကဗျာရေးစပ်ပေးရင်းလူသတ်တရားခံအစစ်ကိုရှာဖွေနိုင်မဲ့အခွင့်အရေးကိုရရှိခဲ့ပြီး ကဗျာအပုဒ်သုံးရာကိုရေးပေးပြီးအမှုတွဲသုံးရာကိုဖြေရှင်းပါ့မယ်*လို့ကျိန်ဆိုခဲ့ရတယ်
ပြည်သူတွေရဲ့အေးချမ်းသာယာမှုအတွက်အဲ့ဒီအမှုတွဲရဲ့သံသယတွေကိုဖြေရှင်းနေတဲ့အချိန်လီမော့ပိုင်ဟာသူ့ကိုယ်သူရှုပ်ထွေးပြီးကျယ်ပြန့်လှတဲ့ကြံစည်မှုကြီးတစ်ခုနဲ့ရစ်ပတ်ခံလိုက်ရတော့တယ်
လီမော့ပိုင်ကအဲ့ဒီကြံစည်မှုကြီးကိုဖော်ထုတ်နိုင်ပါ့မလား..
အမှုတွဲသုံးရာကိုရောအောင်အောင်မြင်မြင်နဲ့ဖြေရှင်းနိုင်မလား..
သံသယတွေရဲ့ညွှန်ပြခံမိဖုရားယွိကရောတကယ့်တရားခံဖြစ်ပါ့မလား..
တကယ့်တရားခံအစစ်ကဘယ်သူဖြစ်မလဲ..
ပျံ့နှံ့နေတဲ့ကောလဟာလတွေအတိုင်းအမှန်တကယ်ဖြစ်လာလေမလား..ဆိုတာတွေသိရဖို့ *ထန်မင်းဆက်မှအရှုပ်တော်ပုံ*ဆိုတဲ့ကားလေးကိုကြည့်ရင်းအဖြေရှာလိုက်ကြပါစို့