Movie Name
We Don’t Bite Street Woman Fighter (2022)
Year
2022
Generes
Documentary, Drama
Code
SKR0598
Type
Series
Size
2.51 GB
Country
Korea
Description
Korean Dance Battle တွေက ဘယ်လောက်ကြမ်းလဲဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။ အဲဒီထဲမှာမှ Street Woman Fighter မှာ ပြိုင်ဘက်အဖြစ် အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင် ၈ ယောက်ကတော့ နာမည်ကြီးတဲ့အပြင် Street Dance Girl Fighter မှာပါ မာစတာတွေအဖြစ် ပါဝင်ခဲ့ကြပါသေးတယ်။ ပြိုင်ပွဲထဲမှာတော့ ပြိုင်ဘက်တွေဖြစ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ရင်းနှီးတဲ့ စိတ်တူကိုယ်တူ ညီအစ်မတွေ ဖြစ်လာခဲ့ကြပါတယ်… သူတို့ ၈ ယောက်ရဲ့ဆန္ဒကတော့ ပြိုင်ပွဲအပြီးမှာ အတူတူခရီးထွက်ရင်း ထမင်းအတူတူစားကြရင်း စကားတွေ အများကြီးပြောချင်ပါတယ်တဲ့။ ဆန္ဒအတိုင်း စီစဉ်ပေးတဲ့အခါမှာတော့ ခေါင်းဆောင် ၈ ယောက်ဟာ ကျေးလက် တစ်နေရာမှာရှိတဲ့ စွန့်ပစ်အိမ်ကြီးကို ၃ ရက်ခရီးထွက်ရမှာပါ။ စွန့်ပစ်အိမ်ဆိုပေမဲ့လည်း “Mean No Harm – Penthouse” တုန်းက ဗီလိန် ၃ ယောက်က အိမ်ကို သေချာပြုပြင်ပေးခဲ့တော့ တကယ့်ကို နေချင့်စဖွယ် အိမ်ကလေး ဖြစ်နေမှာပါ။ ခရီးထွက်တဲ့အချိန်ကတော့ ဆောင်းရာသီရဲ့အအေးဆုံးအချိန်ဖြစ်လို့ ပရိုဂရမ်ရဲ့ concept အနေနဲ့ အိမ်ကလေးကို နွေးထွေးအောင် ပြုလုပ်ရမှာပါတဲ့။ ခရီးမထွက်ခင် အထုပ်သိမ်းတာကစလို့ ရိုက်ကူးထားပေးတော့ ဘယ်သူကတော့ ဘာတွေ သယ်သွားမလဲ၊ အိမ်လေးကို ရောက်တဲ့အခါမှာရော ဘယ်သူက ဘယ်အပိုင်းကို တာဝန်ယူပြီးတော့ ဘယ်လိုတွေသောင်းကျန်းဗြောင်းဆန်ကြမလဲဆိုတာကို အပိုင်း ၃ ပိုင်းနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်