Movie Name
လီလာဝတီမီးလျှံ (Lilawadee Plerng) (2015)
Year
2015
Generes
Drama, Romance
Code
ST0481
Type
Series
Size
9.38 GB
Country
Thai
Description
ထီဝတ်(ဝင်း) အဖြစ် Thunwa Suriyajak လီလင် အဖြစ် Tuptim Unyarin Teerathananpat ဇာတ်လမ်းအကျဉ်း🌺🔥 ------------------ ထီဝတ်ဆိုတာအသိုင်းအဝိုင်းကြီးကြီးမိသားစုတစ်ခုရဲ့သား သူ့အမေအသတ်ခံခဲ့ရတဲ့ဖြစ်ရပ်မှာ တစ်ဦးတည်းသောမျက်မြင်သက်သေလဲဖြစ်တဲ့သူ ဦးခေါင်းထိခိုက်မိပြီးအဲ့ဒီ့နေ့ကအဖြစ်အပျက်တွေကိုလဲ ဘာတစ်ခုမှမမှတ်မိတော့တဲ့သူတစ်ယောက်ပါ လီလင်ကတော့ ဝင်းအမေအသတ်ခံခဲ့ရတဲ့အမှုက လူသတ်တရားခံရဲ့သမီးဖြစ်သလို သူမအဖေမသတ်ခဲ့တဲ့အမှန်တရားတခုကိုဖော်ထုတ်နိုင်ဖို့အတွက် ငယ်စဉ်ကတည်းကတစိုက်မတ်မတ်ကြိုးစားလာတဲ့သူ လီလင့်အဖေကိုလူသတ်တရားခံပါလို့ ခြေချုပ်ခံခဲ့ရတဲ့တခုတည်းသောသက်သေက အနီရောင်စကားပန်း(လီလာဝတီပန်း🌺)လေးတစ်ပွင့်ပါ ဒါကိုအစွဲပြုပြီး"လီလာဝတီ"ဆိုတဲ့အမည်ဝှက်ကိုယူကာ အမှန်တရားကိုဖော်ထုတ် သူမအဖေမလုပ်ခဲ့တဲ့ နာမည်ဆိုးတစ်ခုကိုဖျက်ထုတ်ရှင်းလင်းဖို့အတွက် နိုက်ကလပ်ကအဆိုတော်မလေးတစ်ယောက်အနေနဲ့ ဘဝမှန်ကိုဇာတ်မြှုပ်ထားတဲ့သူမ🔥 အဲ့နေ့ကအဖြစ်အပျက်တွေကိုဘာမှမမှတ်မိပဲ မိသားစုဝင်တွေရဲ့လှည့်ကွက်တွေဖုံးကွယ်ထားတာတွေကို မသိပဲ သူတို့မှတ်မိစေချင်သလိုပုံသွင်းခံထားရတဲ့ မိသားစုကိုချစ်တဲ့ဝင်းတစ်ယောက် လီလင်နဲ့တွေ့ပြီးအမှန်တရားကိုသူကိုယ်တိုင်ပြန်ရှာဖွေနိုင်မှာလား ဖုံးကွယ်ထားတဲ့သူ့မိသားစုရဲ့ဇာတ်ရှုပ်တွေကဘာတွေလဲ စတွေ့ကတည်းကတစက်မှမတည့်ကြတဲ့သူတို့နှစ်ယောက် အမှန်တရားကိုရှာဖွေရင်းအချစ်စစ်ကိုရောရှာတွေ့သွားကြမှာလား🙊 လီလင်ကရောသူမအဖေအတွက်မတရားမှုကို အမှန်အတိုင်းဖော်ထုတ်ပေးနိုင်သွားမှာလားဆိုတာကို 🌺လီလာဝတီမီးလျှံ🔥ဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ကြရအောင်