-
Movie Name
-
Good Luck Sakhi (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
IND0284
-
Type
-
Movie
-
Size
-
842 MB
-
Country
-
Bollywood
-
Description
-
Good Luck Sakhi (2022)
============================
‘ကံကောင်းမှုဆိုတာမရှိပါဘူး
ကံတရားဆိုတာက ငါ့လက်ထဲမှာပဲရှိတယ်’
ဒီကားလေးကတော့ Feb 12 မှာမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့
Sports Comedy အမျိုးအစား ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်
သာမန်ရွာလေးတစ်ရွာက ဂေါ်လီပစ်ရင်းပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်
ကြီးပြင်းလာတဲ့ သာမန်ကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လို့
လက်ထပ်ထိမ်းမြားရတော့မယ့်အချိန်မှာ ကံဆိုးစွာနဲ့ သတို့သားလောင်းက
ဆုံးပါးသွားရပါတော့တယ် ဒီလိုနဲ့ အကြောင်းတွေတိုက်ဆိုင်သွားပြီး
သေနတ်ပစ်လေ့ကျင့်ကာ ပြိုင်ပွဲဝင်ဖို့ ဖြစ်လာတဲ့အကြောင်းကို ကြည့်ရှုရမှာပါ
ဒီဇာတ်ကားလေးက အစအလယ်အဆုံး ပျင်းစရာမကောင်းဘဲ တက်ကြွဖျတ်လတ်နေတဲ့
မင်းသမီးလေးကလည်း အတော်ချစ်ဖို့ကောင်းပါတယ် ဝါရင့်မင်းသားကြီး Jagapathi Babu ရဲ့
သရုပ်ဆောင်ချက်တွေကလည်း မိမိုက်နေတာပါပဲ…ဇာတ်ဝင်တေးလေးတွေလည်း
နားထောင်ကြည့်ရင် အတော်ကောင်းပြီး သီချင်းနောက်ခံဇာတ်ကွက်လေးတွေကလည်း
ချစ်စရာရယ်စရာကောင်းတာမို့ တစ်ကားလုံးမရစ်ဘဲ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါရစေ