-
Movie Name
-
The One And Only (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
SKR0599
-
Type
-
Series
-
Size
-
8.32 GB
-
Country
-
Korea
-
Description
-
1-16 Complete
JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။
ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In
Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး
နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။
အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု
တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့
ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ… ဘဝမှာဘာအကြောက်တရားမှ
မရှိတဲ့ လူတစ်ယောက်။
ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင်
နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး
သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)… ဆိုရှယ်မီဒီယာမှာ
influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့်
ကောင်မလေး Mi Do(Joy)…
မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေတဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။
ဘဝမှာ သေမိန့်ကျခံထားရပြီးသား မိန်းကလေး(၃)ဦးက ဘဝအဆုံးသတ်မရောက်ခင်မှာ
လူဆိုးတစ်ယောက်ရဲ့ ဘဝကို အဆုံးသတ်ပေးဖို့ ကြိုးစားကြမယ့် ဇာတ်ကွက်တွေ…
ဒါ့အပြင် ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲ ဖြစ်တည်လာဦးမယ့် ဇာတ်လိုက်၂ဦးကြားထဲက
မေတ္တာဓာတ်တွေ… ဆောင်းရဲ့ အအေးဓာတ်ကို အံတုနိုင်ဖို့ဓားတွေနဲ့ ဖန်တီးပေးထားတဲ့
ဒီ melodrama ကို ကြာသပတေးနဲ့သောကြာနေ့တိုင်း CMက တင်ဆက်ပေးသွားပါ့မယ်။