Movie Name
AI Love You (2022)
Year
2022
Generes
Romance, Sci-Fi
Code
TH0047
Type
Movie
Size
840 MB
Country
Thai
Description
AI Love You (2022) ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurer လာန အဖြစ် Baifern Pimchanok ဇာတ်လမ်းအကျဥ်း ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ် နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး “လာန” အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့ – “လာန” က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ “ဒေါ့ပ်” နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ – “​ဒေါ့ပ်” တစ်ယောက် “လာန” အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ် – “ဒေါ့ပ်”ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် “ပေါ့ပ်”ကို စေလွှတ်ခဲ့ပါတယ် – “လာန” ပါဝင်တဲ့ မှတ်ဥာဏ်တွေကို “ပေါ့ပ်” တစ်ယောက်ဖျက်​ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး AI ဖြစ်တဲ့ “ဒေါ့ပ်” ဟာ “ပေါ့ပ်” ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတော့တယ် – “ပေါ့ပ်” ကို လူပွေဆိုပြီး သဘောမကျတဲ့ “လာန” – လူသားဖြစ်လာတာနဲ့ “လာန”ကို ချစ်ခွင့်ရချင်တဲ့ “ဒေါ့ပ်” AI နဲ့ လူသားရဲ့ အချစ်ခရီးက အဆင်ပြေနိုင်ပါ့မလား စက်ပစ္စည်းတွေက လူသားတွေရဲ့ အပေါင်းအဖော် သူငယ်ချင်းအဖြစ်ကနေပိုတဲ့အရာများဖြစ်လာနိုင်မလားဆိုတာ Baifern နဲ့ Mario တို့ရဲ့ ဆယ်စုနှစ်ကျော်ကြာပြီးမှ တွေ့ဆုံရိုက်ကူးထားတဲ့ “AI Love You” ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်