-
Movie Name
-
The Ballad Of Jack And Rose (2005)
-
Year
-
2005
-
Generes
-
Drama
-
Code
-
EN0941
-
Type
-
Movie
-
Size
-
1.35 GB
-
Country
-
Hollywood
-
Description
-
The Ballad of Jack and Rose (2005)
IMDb Rating – 6.6/10
ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို
ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca
Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့်
ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ
ဖြစ်ပါတယ်။
Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး
သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို
အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle)
ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။
ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု
သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine
Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan
McDonald) နဲ့ Thaddius (Paul Dano) တို့ ပါလာခဲ့ပါတယ်။ အဲတော့ သမီးဖြစ်သူ ရို့စ်က စိတ်ဆိုးပြီး
မိသားစုတွင်း ရှုပ်ထွေးမှုလေးတွေဖြစ်လာခဲ့တာပေါ့ . . .၊ ဒီလိုမျိုး ရှုပ်ထွေးမှုတွေနဲ့ ဒရမ်မာဆန်ဆန်ကား
လေးကို ဇာတ်လမ်းရဲ့ လှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ပေးချင်တဲ့
မက်ဆေ့ချ်လေးတွေကိုလည်း ဒီကားလေးကြည့်ပြီးရကြမယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဒီကားကောင်းလေးကို
ကြည့်ရင်း အရင်ခေတ်က နာမည်ကြီးခဲ့တာတွေကို ပြန်လည်တမ်းတလိုက်ရအောင်ပါ။