Movie Name
Father Is Strange
Year
2017
Generes
Comedy, Drama, Family
Code
SKR0235
Type
Series
Size
21.2 GB
Country
Korea
Description
မတည့်အတူနေ မိသားစု ပရိသတ်ကြီးထံကို ဒီတခေါက် ယူဆောင်လာမယ့် ဒရာမာကတော့ KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Father is Strange ဆိုတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီနေ့ခေတ် ကိုရီးယားမိသားစုတခုအတွင်းမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဖြစ်ရပ်တွေနဲ့ မတူ မတည့်အတူမိသားစုဝင်တွေရဲ့ ကမောက်ကမနဲ့ ကတောက်ကဆတ်ဖြစ်ရပ်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒရာမာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ကင်ယောင်ချော၊ ကင်ဟယ်ဆော့ တို့အပြင် မင်းသားရူဆူယောင်း၊ မင်းသမီးလီယူရီ၊ အဆိုတော် သရုပ်ဆောင် လီဂျွန်း၊ မင်းသမီး ဂျောင်ဆိုမင်၊ လူငယ်မင်းသား အန်းဟိုဆော့နဲ့ မင်းသမီးရူဟွာယောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လီယွန်းဆော့ဟာ အိမ်ထောင်ဦးစီးဖခင်ကြီးဖြစ်ပြီး အထက်တန်းကျောင်းတခုမှာ ဂျူဒိုအားကစားသမား လုပ်ရာကနေ ရာဇဝတ်မှုတခုနဲ့ စွပ်စွဲခံလိုက်ရပါတယ်။ မတော်တဆမှုတခုကြောင့် အခင်ဆုံး သူငယ်ချင်း နာမည် ဗြောင်ဟန်ဆူလို့ ပြောင်းလဲလိုက်ပြီး ဇနီး၊ သားနဲ့ သမီး ၃ ဦးနဲ့အတူ ဆိုးလ်မြို့ပြင် ဆင်ခြေဖုံးမှာ အေးအေးချမ်းချမ်းနေထိုင်နေတာပါ။ နာယောင်းရှီကတော့ သားသမီး ၄ ယောက်လုံးကို ဒိုင်ခံကျွေးမွေး စောင့်ရှောက်ခဲ့ရတဲ့အပြင် ခင်ပွန်းသည် လီယွန်းဆော့နဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူတို့ကြား လျှို့ဝှက်ချက်ကို သိရှိထားသူလည်းဖြစ်ပါတယ်။ လီဂျွန်ယောင်းဟာ အကြီးဆုံးသားဖြစ်ပြီး အစိုးရဝန်ထမ်းစာမေးပွဲ ဖြေဆိုဖို့ ၅ နှစ်တောင်ကြိုးစားလိုက်ရသူလည်း ဖြစ်ပါတယ်။ ရည်းစားထားရကနေ အမှတ်မထင် ကိုယ်ဝန်ရသွားခဲ့လို့ လက်ထပ်လိုက်ရမယ့် သားကြီးသြရဿတယောက်လည်း ဖြစ်ပါတယ်။ လီဟယ်ယောင်းကတော့ ရှေ့နေဖြစ်ပြီး ရည်းစားဟောင်းနဲ့ ပြန်အဆင်ပြေလို့ အချစ်ရေးတခန်းဆက်နေသူဖြစ် ပါတယ်။ သူ့ဖခင်ရဲ့ အတိတ်အကြောင်း ရှင်းလင်းရေးမှာ သူကအဓိကကျခဲ့အခန်းကဏ္ဍက ပါဝင်မှာဖြစ်ပါတယ်။ လီမီယောင်းကတော့ ဒုတိယမြောက်သမီးဖြစ်ပြီး ဂျူဒိုအားကစားသမားဟောင်းဖြစ်ပါတယ်။ ပုခုံးဒဏ်ရာကြောင့် အားကစားလောကနေ နားလိုက်ရလို့ စိတ်ဓာတ်တွေကျ၊ ဝိတ်တွေတက်လာတဲ့သူဖြစ်ပါတယ်။ ဝိ တ်လျှော့ဖို့နဲ့ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ အင်တာတိန်းမန့်တခုမှ ာ အလုပ်သင်အဖြစ် အလုပ်ဝင်လုပ်ရာကနေ အချစ်စစ်တခုနဲ့ တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လီရာယောင်းကတော့ မိသားစုထဲမှာ အငယ်ဆုံးသမီး။ အငယ်ဆုံးတွေရဲ့ ထုံးစံအတိုင်း သူလုပ်ချင်ရာသူလုပ်၊ ပြန်မပြောနားမထောင်၊ ဆတ်ဆတ်ကြဲ။ အားကစားနည်းပြအနေနဲ့ လေ့ကျင့်ရေးစင်တာမှာ အလုပ်ရရာကနေ ချစ်သူ သူဌေးသားနဲ့ တွေ့မယ့် မိန်းကလေး။ သူတို့မိသားစုကြားက ချစ်စဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ်၊ သင်ခန်းစာယူဖွယ်၊ လေ့လာဖွယ်ဖြစ်ရပ်တွေကို ဇာတ်ညွှန်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ဒရာမာဖြစ်ပါတယ်။ အပိုင်း ၅၂ ပိုင်းလုံးပြီးတဲ့အထိ ကြည့်ချင်အောင် ပရိသတ်ကို ဇာတ်သိမ်းအထိ ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။