-
Movie Name
-
Fishbowl Wives (2022)
-
Year
-
2022
-
Generes
-
Adults, Drama, Romance
-
Code
-
SJP0022
-
Type
-
Series
-
Size
-
2.29 GB
-
Country
-
Japan
-
Description
-
(18+) အပိုင်း (၁ မှ8) အထိ စ/ဆုံး
(ပထမဦးစွာ ဒီစီးရီးကို အထူးသတိပေးလိုတာကတော့ မိသားစုနဲ့အတူလုံးဝမကြည့်သင့်သလို
အပိုင်း ၁ စလို့ အစမိနစ်လေးကို အစမ်းသဘောအနေနဲ့ ယောင်လို့တောင် လူကြားထဲမဖွင့်မိပါစေနဲ့လို့
ပြောကြားလိုပါတယ်…ဒီလိုပြောလိုက်လို့ ဓာတ်ဆီတစ်ဂါလံ ၃ကားရတဲ့ Adult စီးရီးလို့မထင်လိုက်ပါနဲ့….
နာမည်ကြီး Cast တွေသုံးထားတဲ့အပြင် ဇာတ်လမ်းသွားလည်းတကယ်ကိုကောင်းပါတယ်…)
ဆာကူရာဟီရာဂါဆိုတဲ့ အမျိုးသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့်
သူမရဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီး
သူမရဲ့ခင်ပွန်းသည်က hair salon တွေကို ဦးစီးတယ်ပေါ့။
အင်မတန်းခမ်းနားထည်ဝါတဲ့ မိုးမြင့်အဆောက်အဦးရဲ့ ထိပ်ဆုံးအလွှာမှာ နေတဲ့
လင်မယား၂ဦး။ အမျိုးသမီးတိုင်းဟာ သူမကို အားကျရတယ်။ ဒါပေမယ့်
သူမရဲ့ ခင်ပွန်းက အိမ်ထောင်ရေး ပေါ်တင်ဖောက်ပြန်နေပြီး သူမကို
အိမ်တွင်းအကြမ်းဖက်တာမျိုးလုပ်တယ်။ တစ်နေ့မှာ ရွှေငါးလေးတစ်ကောင်ကို
အကြောင်းပြုပြီး သူမက အမျိုးသားငယ်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်…
အိမ်ထောင်ရှင်မ ဇနီးသည် ၆ဦးရဲ့ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးအခက်အခဲ
ကာမဆက်ဆံရာမှာ ကြုံရတဲ့အခက်အခဲတွေကို ကွင်းကွင်းကွက်ကွက် ပြသပေးမှာပါ။
“ယောက်ျားတွေ ဖောက်ပြန်တာကျ ထုံးစံလိုဖြစ်နေပြီး မိန်းမတွေ
ဖောက်ပြန်ရင်ကျ အပြစ်တစ်ခုလို သတ်မှတ်ကြတယ်”
ဆိုတဲ့ အမြင်ကို ပြောင်းလဲသွားအောင် လုပ်တဲ့ ဇာတ်ကားလေးဖြစ်တာမို့ အရွယ်ရောက်ပြီး
အမျိုးသား အမျိုးသမီးတို့ ကြည့်ဖို့ အထူးသင့်တော်ကြောင်းပြောကြားရင်း…