-
Movie Name
-
Rocket Boys (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SIND0022
-
Type
-
Series
-
Size
-
3.16 GB
-
Country
-
Bollywood
-
Description
-
1-8 Complete
Rocket Boys (2022)
1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့
Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကို
ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်
၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာ
အခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့
ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်း
အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်း
ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့
personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါ
ဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူး
ထိုခေတ်ထိုအခါက သိပ္ပံပညာအကြောင်း ထဲထဲဝင်ဝင်ရှိလှတဲ့ ဇာတ်ကြောင်းတွေ
အပြင်အဆင်အခမ်းအနားတွေနိုင်ငံရေးနဲ့ ပညာရေးဆက်နွယ်မှုတွေ ထိထိမိမိရှိလှတဲ့
dialogue တွေကြောင့် ၁၉၄၀ ပတ်ချာလည်ဝန်းကျင်ကvibes လေးတွေကို
အားပါးတရခံစားရမှာဖြစ်လို့ ဒီseries လေးကိုလည်း ကြည့်ရှုဖို့ တိုက်တွန်းဆော်ဩလိုက်ရပါတယ်
အညွှန်းကို Go-O မှ ရေးသားပေးထားပါတယ်