Movie Name
Devotion A Story Of Love And Desire (2022)
Year
2022
Generes
Drama, Romance
Code
SE0200
Type
Series
Size
1.51 GB
Country
Hollywood
Description
1-6 Complete အချစ်နဲ့ အိမ်ထောင်ရေး ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေအတွက် Netflix Italian Original Series လေးလာပါပြီ။ ကာလိုနဲ့ မာဂရီတာက ပေါင်းသင်းလာတာ ငါးနှစ်ရှိနေပြီဖြစ်တဲ့ ဇနီးမောင်နှံပါ ကာလိုက အနုပညာတက္ကသိုလ်က ပါမောက္ခဖြစ်ပြီး စာရေးခြင်းနဲ့ အသက်မွေး ပါတယ်၊ မာဂရီတာကတော့ ဗိသုကာပညာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်ဖြစ်ပေမယ့် အိမ်ခြံမြေအကျိုးဆောင်လုပ်နေတဲ့သူပါ.. ပေါင်းသင်းခဲ့တဲ့ ၅ နှစ်တာလုံး မာဂရီတာ က ကာလိုကိုပဲ ဦးစားပေးခဲ့တယ်ဆိုပါတော့။ ကာလိုကလည်း စာမရေးတာလေးနှစ်ရှိပြီဆိုတော့ ဝင်ငွေအများကြီးရှိမနေတာကြောင့် သူတို့နှစ်ယောက်ဟာ အိမ်ငှားဘဝနဲ့နေနေရလို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရှာဖွေနေကြ တာပါ။ ဒီလိုနဲ့ သူတို့ရဲ့နှစ်ယောက်တစ်ကမ္ဘာလေးထဲကို ဆိုဖီယာဆိုတဲ့ (၂၀)အရွယ်ဆယ် ကျော်သက်လေး တစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်။ဆိုဖီယာက အသက်ကငယ်ငယ်၊ လှရေးကြွယ်ပြီးနူးညံ့သိမ်မွေ့သူလေးဖြစ်နေတော့ ကာလိုရဲ့စိတ်တွေဟာလည်း ရေကန်ထဲကို ခဲလုံးပစ်ချလိုက်သလို လှုပ်ခါလာပါတော့တယ်။ ငါးနှစ်လုံးမာဂရီတာအပေါ်သစ္စာရှိခဲ့တဲ့ ကာလိုရဲ့သစ္စာတရားဟာ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီး သူ့ကိုအလိုလိုက်ချစ်ခဲ့တဲ့ မာဂရီတာအပေါ်အချစ်တွေလျော့ပစ်ခွာသွားမလား။ သူတို့ရဲ့ငါးနှစ်တာအိမ်ထောင်ရေးကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကြည့်ရမယ့် အချစ်မေတ္တာနဲ့လိုအင်တပ်မက်မှုအကြောင်း ဇာတ်ကွက်ပုံဖော်ထားပြီး (18+)အခန်းလေးတွေပါပါဝင်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။