-
Movie Name
-
Young Wallander (2022)
-
Year
-
2022
-
Generes
-
Action, Adventure
-
Code
-
SE0202
-
Type
-
Series
-
Size
-
1.61 GB
-
Country
-
Hollywood
-
Description
-
1-6 Complete
IMDb Rating – 7.2/10
ဆွီဒင်နိုင်ငံ မဲလ်မိုမြို့မှာ အခြေတည်ထားတဲ့ ရဲဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
မဲလ်မိုရဲတပ်ဖွဲ့တွင် တာဝန်ကျနေသော သင်တန်းဆင်းကာစ ရဲအရာရှိပေါက်စ ကာ့တ်
ဝေါ်လန်ဒါ တစ်ယောက်၊ သူနေထိုင်ရာ ရပ်ကွက်တွင် ရက်စက်သော လူသတ်မှု တစ်ခုကို
မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရလေသည်။ ထိုလူသတ်မှုမှ အစပြုလို့ လူမျိုးရေးခွဲခြားမှုများ၊
နိုင်ငံလုံခြုံရေးပြဿနာများနှင့် ပြောင်းရွှေ့ခိုလှုံလာသူပြဿနာ အထိပါ မီးခိုးကြွက်လျှောက်
ကြီးထွားလာပါတယ်။ ထိုလူသတ်မှုကရော ပြောင်းရွှေ့လာသူများနှင့် ဘယ်လိုပတ်သတ်နေလဲ။
မတူညီတဲ့ လူမျိုးတွေကြား၊ မတူညီတဲ့အမြင်ပေါင်းများစွာနဲ့ အမှုပေါ် ရှု့မြင်ပုံတွေ၊ ထိုအမှုကို
အကြောင်းပြုလို့ အမြတ်ထုတ်ရယူလိုသူတွေနဲ့ သောင်းပြောင်းထွေလာဖြစ်နေပါတော့တယ်။
ရဲအရာရှိ ပေါက်စ ဝေါ်လန်ဒါ တစ်ယောက် ထိုရှုပ်ထွေးပွေလီလှသော ပြဿနာပေါင်းသောင်း
ခြောက်ထောင်များအပြင် ဘဝမှာကြုံတွေ့လာတဲ့ အချစ်ရေး၊ လူမှုရေးကိစ္စများကိုပါ ဘယ်လို
ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။