Movie Name
Ghost Doctor (2022)
Year
2022
Generes
Comedy, Fantasy
Code
SKR0603
Type
Series
Size
8.72 GB
Country
Korea
Description
1-16 Complete Ghost Doctor (2022) အနုပညာလှုပ်ရှားမှု​တွေ ခပ်ကျဲကျဲ ပဲ လုပ်​တော့တဲ့ မင်းသားကြီး Rainနဲ့ မအို​ဆေးစားထားတဲ့မင်းသား Kim Bumတို့ ခေါင်း​ဆောင် ပါဝင်ထားတဲ့ Ghost Doctor စီးရီးသစ်ထွက်ပါပြီ Cha Young Min ( Rain )ဟာ ခွဲစိတ်ကုသဖို့ ဘုရားက​ပေးလိုက်တဲ့ ဆရာဝန်လို့​ ဆိုရ​အောင် ပါရမီထူးတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ဒါ​ပေမဲ့ ပါရမီရှင်တို့ရဲ့ထုံးစံအတိုင်း ပညာဂုဏ်​မောက်ရာမှာ သူမတူသလို တစ်ကိုယ်​ကောင်းလည်းဆန်ပြီး တခြားဘယ်ဆရာဝန်ကိုမှ ထီမထင်တဲ့ ​ငါစွဲသမား အတ္တကြီးတဲ့သူပါ၊ Go Seong Tak (Kim Bum) က​တော့ ​မြောင်ရှင်း​ဆေးရုံဥက္ကဌရဲ့သား၊ တည်​ထောင်သူရဲ့ ​မြေးဖြစ်ပြီး မိသားစု​နောက်ခံနဲ့ ဒီ​ဆေးရုံကို ​ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်​ယောက်ပါ၊ ​ အကပ်နဲ့ ​နေရာရလာသူတို့ထုံးစံအတိုင်း ​​ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား၊ ဆရာဝန်အလုပ်ကို မ​လေးစားတတ်တဲ့ သူမျိုးပါ Jang Se Jin ( Uee)က Cha Young Min ရဲ့ ရည်းစား​ဟောင်း အာရုံ​ကြောခွဲစိတ်ကု ဆရာဝန်မလေးပဲ ဖြစ်ပါတယ်။ Apinkအဖွဲ့ဝင် Son Na-eun က​တော့ သရဲ​ကြောက်တဲ့​နေရာမှာ ပြိုင်ဘက်မရှိတဲ့ အလုပ်သင်ဆရာဝန်မ​လေး Oh Soo Jeongအဖြစ် ပါဝင်ထားပါတယ် တစ်​နေ့မှာ​တော့ ​ဆေးပညာအရာမှာ ဘာဆိုဘာမှမတူတဲ့ ဆရာဝန် ၂​ယောက်အ​ပေါ်ကိုမှ ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်​ပေါ်လာပြီး Cha Young Minရဲ့ စိတ်ဝိညာဉ်က Go Seung Takရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ပါတယ်၊ ​ဆေးပညာ ကျွမ်းကျင်မှုအပိုင်း စိတ်​နေစိတ်ထားပိုင်းမှာ မိုးနဲ့​မြေလို ကွာခြားတဲ့သူ၂​ယောက် တစ်ကိုယ့်နှစ်စိတ် ဖြစ်သွားတဲ့​​နောက် ​ဆေးကုသရင်း ဘယ်လို​ပေါက်ကရအလွဲ​တွေ ဖြစ်ကြမလဲ၊ ဘယ်လိုအခွီ​တွေဖြစ်ကြမလဲ၊ Comaဖြစ်​နေတဲ့ ရည်းစား​ဟောင်းကို ကုရမယ့် Jang Se Jinက​ရော ပြန်​ကောင်းလာအောင် ကုသ​ပေးနိုင်ပါ့မလား ဆိုတာကို အခွီ​ဓါတ်​​လေးနဲ့ ​ဆေးပညာဗဟုသုတ​တွေ ​ရောစပ်ပြီး ထိပ်သီးcast​တွေက အ​ကောင်းဆုံးသရုပ်​ဆောင်​ထားတဲ့ ဇာတ်မြူး ဇာတ်လမ်းတွဲ​လေးပဲဖြစ်ပါတယ် tvNမှ ထုတ်လွှင့်တာဖြစ်ပြီး အပတ်စဉ် အင်္ဂါနဲ့ ဗုဒ္ဓဟူး​နေ့တိုင်း CM Asia Series မှာ တင်ဆက်​ပေးသွားမှာပဲ ဖြစ်ပါတယ်