-
Movie Name
-
လျှို့ဝှက်ဆန်းကြယ်သော (Nang Barb) (2016)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
ST0486
-
Type
-
Series
-
Size
-
14.5 GB
-
Country
-
Thai
-
Description
-
1-16 Complete
နက်ခလင် အဖြစ် Sean Jindachot
ထောင်းလုံ့ အဖြစ် Wongchayaporn Waratthaya
ဇာတ်လမ်းအကျဥ်းလေးကတော့...
- ထောင်းလုံ့ဟာ သူမရဲ့အမေ ညီမ ဖထွေးနဲ့အတူ ဆင်းရဲသားရပ်ကွက်မှာနေတဲ့သူ တစ်ယောက်ပါ။ထောင်းလုံ့ကို သဘောကျပြီးအမြဲကူညီတတ်တဲ့ ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်ရှိနေပေမယ့် သူမရဲ့ညီမက အဲ့ဒီယောက်ျားလေးကို သဘောကျပြီး သူမနဲ့အိပ်ဖို့လှည့်စားခဲ့ပါတော့တယ်.........
-အဲ့ဒီယောက်ျားလေးကလည်း ထောင်းလုံ့ကို ကြိုက်နေတုန်းဆိုတော့ ညီမက သူမကို မုန်းတီးပြီးအမြဲတမ်းရန်ဖြစ်တာကြောင့် တစ်ရပ်ကွက်လုံးက သူမကို "စနိုက်ကြော်မ"လို့ခေါ်ကြတာပေါ့။
- ညီမက ခွေးတစ်ကောင်လိုရိုင်းစိုင်းနေပေမယ့် ထောင်းလုံ့ကတော့ အပြစ်မတင်ရှာပါဘူး......
- ထောင်းလုံ့က ပညာတတ်တစ်ယောက်မဟုတ်ပေမယ့် လမ်းဘေးစမတ်ကျတဲ့သူတစ်ယောက်ဖြစ်ပြီး အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့ အမြဲတမ်းစိတ်ကူးယဉ်နေသူတစ်ယောက်ပါ။
ကောင်လေးတွေက သူမကိုသဘောကျတဲ့အခါ သူမက တစ်ရပ်ကွက်လုံးကို အရွှဲ့တိုက်ပြီး ပရော်ပရည်လုပ်ပြပါတော့တယ်.........
-နက်ခလင်ကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်သမားတစ်ယောက်ပါ။
- အိမ်ထောင်ရှိပေမယ့် ဇနီးသည်ကိုမချစ်ဘဲ မိဘနှစ်ပါးရဲ့သဘောတူညီမှုကြောင့် လက်ထပ်ခဲ့ရတာပါ။
- နက်ခလင်မှာ ရည်းစားဟောင်းတစ်ယောက်ရှိပါတယ်။
- အဲ့ဒီရည်စားဟောင်းက သူ့ထက်ပိုချမ်းသာတဲ့သူတစ်ယောက်နဲ့လက်ထပ်ပြီး နိုင်ငံခြားမှာသွားနေပါတော့တယ်။အဲ့ဒါကြောင့် နက်ခလင်က မိန်းကလေးတွေကို ပိုက်ဆံနဲ့ဝယ်လို့ရတဲ့အရုပ်တစ်ရုပ်လို့ ထင်ခဲ့ပါတော့တယ်.....
- တစ်နေ့မှာ ထောင်းလုံ့က နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့အလုပ်ခေါ်စာကို သတင်းစာမှာတွေ့ခဲ့ပါတော့တယ်။အဲ့ဒီကုမ္ပဏီက နက်ခလင်ရဲ့ကုမ္ပဏီပေါ့။ အဲ့ဒါကြောင့် အလုပ်လျှောက်လွှာတင်ဖို့သွားတဲ့အချိန်မှာ နက်ခလင်က သူမကို ကားနဲ့တိုက်လုနီးပါးဖြစ်ပြီး ဘရိတ်ကိုအုပ်နိုင်ခဲ့ပေမဲ့ သူမလှဲကျသွားပါတော့တယ်။ နက်ခလင်က သူမကိုကူညီဖို့ထွက်လာပေမယ့် သူမက သူ့ကိုကြိမ်းမောင်းပြီး အဝေးထွက်သွားတဲ့သူမကို နက်ခလင်က တအံ့တဩကြည့်နေခဲ့ပါတော့တယ်......
-ပြီးတော့ နက်ခလင်ရဲ့ရည်းစားဟောင်းလည်း ပြန်ရောက်လာပြီး အခု ဇနီးဖြစ်သူရဲ့သူငယ်ချင်းဖြစ်နေတဲ့အတွက် သူ့ရဲ့အိမ်မှာပဲနေဖို့ ကြံစည်ခဲ့ပါတော့တယ်။ နက်ခလင်က သူမကိုအရေးကြီးတဲ့သူတစ်ယောက်ပဲလို့ သူမထင်နေတုန်းပါပဲ.....
-တစ်နေ့မှာ နက်ခလင်ရဲ့ရည်းစားဟောင်းက နက်ခလင်အခန်းထဲကိုဝင်လာပြီး အတွင်းရေးမှူးက မတားဆီးနိုင်တဲ့အတွက် အလုပ်ထုတ်ပစ်လိုက်ပါတော့တယ်။ နက်ခလင်က ထောင်းလုံ့ကိုတွေ့ပြီး အတွေ့အကြုံမရှိဘူးလို့သိနေပေမယ့် သူ့ရဲ့အတွင်းရေးမှူးအဖြစ် ခန့်လိုက်ပါတယ်။အဓိကရည်ရွယ်ချက်က သူမရဲ့ရည်းစားဟောင်းကို အဝေးကိုမောင်းထုတ်ပစ်ဖို့ပါပဲ.....
ဒါဆိုရင် ထောင်းလုံ့က နက်ခလင်ရဲ့ရည်းစားဟောင်းကို အဝေးသို့မောင်းထုတ်ပစ်နိုင်ပါ့မလား...
ရည်းစားဟောင်းကရော နက်ခလင်ကိုပြန်အရယူဖို့အတွက် ကြံစည်တာအောင်မြင်ပါ့မလား...
တစ်ရပ်ကွက်လုံးက စနိုက်ကြော်မလို့ခေါ်နေတဲ့အတွက် ထောင်းလုံ့က ဆက်ပြီးကောင်လေးတွေကို အရွှဲ့တိုက်သွားမှာလား...
နက်ခလင်ကရော ထောင်လုံ့ကို ပိုက်ဆံမက်တဲ့အရုပ်တစ်ရုပ်လို့ ထင်နေပါ့မလား...
ထောင်းလုံးက သန်းကြွယ်သူဌေးသားလေးနဲ့အတူ ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါ့မလား...
ဒီဇာတ်လမ်းတွဲမှာဆိုရင် ဟန်ဆောင်မာယာများတဲ့စရိုက်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အချစ်ကို တွေ့မြင်ခံစားရမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်...