-
Movie Name
-
Emergency Couple (2014)
-
Year
-
2014
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0240
-
Type
-
Series
-
Size
-
8.89 GB
-
Country
-
Korea
-
Description
-
( Running Man အစီအစဉ်ကနေတဆင့် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ပိုမို ရရှိလာတဲ့ မင်းသမီးချော (Song Ji Hyo) နဲ့ အရပ်ရှည်ရှည် ရုပ်ဖြောင့်တဲ့ မင်းသား (Choi jin Hyuk) တို့အပြင် အခြား ဇာတ်ရံများစွာဟာလဲ ဒီဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် အားဖြည့်ထားကြပါတယ်။ အိမ်ထောင်ကွဲ စုံတွဲ အလုပ်သင် ဆရာဝန်အဖြစ်နဲ့ အရေးပေါ်ဌာနမှာ ပြန်လည် ဆုံတွေ့ကြရင်း.. နိစ္စဓူဝ ဆေးရုံမှာ လူနာမျိုးစုံ ဇာတ်လမ်းစုံနဲ့ ဆရာဝန် သူနာပြုတွေရဲ့ အလုပ်သဘောသဘာဝကို စိတ်ဝင်စားဖွယ် သွက်သွက် လက်လက် ရိုက်ကူး တင်ပြထားတာမို့ ဆေးပညာ ဇာတ်လမ်းတွဲ (သို့) ရွှင်မြူ းတဲ့ Romance ဇာတ်လမ်း နှစ်သက်သူများ စကြည့်မိတာနဲ့ စွဲငြိသွားမယ့် ဇာတ်လမ်းတွဲတခုလို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဆေးကျောင်းနောက်ဆုံးနှစ် ကျောင်းသားနဲ့ အာဟာရဗေဒ အထူးပြုနဲ့ ဘွဲ့ရခါစ အလုပ်မရသေးတဲ့ ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးမှာ လူကြမ်းတွေကတော့ မင်းသားရဲ့ မိဘ အသိုင်းအဝိုင်းပါပဲ။ တမိသားစုလုံး ဆရာဝန်တွေ ဖြစ်တဲ့အပြင် ပိုက်ဆံရှိ ပညာတတ် မာနကြီးတဲ့ အသိုင်းအဝိုင်းမို့ ဆရာဝန်လဲ မဟုတ် သူဌေးသမီးလဲ မဟုတ်ရှာတဲ့ ကောင်မလေးကို အပြင်းအထန် ကန့်ကွတ်ကြပါတော့တယ်။ ဘယ်လိုပဲ သဘောမတူမှုတွေ ရှိခဲ့ပေမယ့်.. ငယ်ရွယ်တဲ့ သူတို့နှစ်ဦးဟာ လက်တွဲထွက်ပြေးလို့ ဘုရားကျောင်းလေး တခုမှာ သစ္စာဆို လက်ထပ် ခဲ့ကြပါတယ်။ အိမ်ရဲ့ ထောက်ပံ့မှု မရှိတော့တဲ့အတွက် ဆေးကျောင်းသားလေးဟာ ကျောင်းထွက်ပြီး ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအဖြစ် အလုပ်ဝင်လို့ အိမ်ထောင်တာဝန် ထမ်းဖို့ ဖြစ်လာပြီး ကောင်မလေးကတော့ အလုပ်ရှာရင်းနဲ့ အိမ်ထောင်ရှင်မ ဖြစ်လာခဲ့တယ်။ ငယ်ရွယ်ပြီး ပညာမစုံ အလုပ်အကိုင်မရှိတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ နှစ်ဦးကြားထဲ သည်းခံနိုင်စွမ်းနဲ့ နားလည်မှုပါ ချို့တဲ့လာပြီး … ၁ နှစ်အကြာမှာတော့ လမ်းခွဲဖို့ ဖြစ်လာပြီး ကွာရှင်းပြတ်စဲပြီးစီးခြင်းနဲ့ အဆုံးသတ်သွားပါတယ်။ ၆ နှစ်အကြာမှာတော့ မခံချင်စိတ်နဲ့ ဆေးပညာကို သေလောက်အောင် ကြိုးစားသင်ယူလို့ အသက် ၃၃ နှစ်မှာ အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့ မင်းသမီးနဲ့ .. အမေရိကန်မှာ ဆေးပညာနဲ့ ဘွဲ့ရလာခဲ့ပြီး အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့ မင်းသား .. ဆိုးမြို့ တက္ကသိုလ်ဆေးရုံတခုရဲ့ အရေးပေါ်ဌာနမှာ တဖွဲ့တည်းအတူ လက်တွေ့ဆင်းရဖို့ ဖြစ်လာတဲ့ အခါမှာတော့ ….. ဘာတွေ ဆက်ဖြစ်ကြမှာလဲ ကြည့်လိုက်ကြပါဦး။ IMDB Rating 7.9 အထိ ရထားလို့ Viki Rating 9.2 အထိ ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ Channel Myanmarကနေပြီးတော့ တစ်ရက် ၂ပိုင်း တင်ပေးသွားမှာ ဖြစ်ပါတယ်။