Movie Name
Suspiria (2018)
Year
2018
Generes
Horror, Thriller
Code
EN0966
Type
Movie
Size
1.28 GB
Country
Hollywood
Description
၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။ မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် စာတန်းထိုးအခက်အခဲရှိသည်ကို ကြိုတင်၍ မေတ္တာရပ်ခံပါရစေ။ အမေရိကားပြည် အိုဟိုင်းယိုးကနေ ရောက်လာတဲ့ အကမယ်လေး ဆူဆန်နာ ဘန်နီယွန်ဟာ ၇၀ပြည့်နှစ် ဘာလင်မှာ အရှိန်အဝါကြီးတဲ့ ဟယ်လင်နာမားကို့စ် အကကုမ္ပဏီကို ဝင်ခဲ့ပါတယ်။ ကုမ္ပဏီကြီးဟာ သွေးရိုးတန်းရိုးနာမည်ကြီးနေတာမျိုးမဟုတ်ဘဲ Balletအကနဲ့ Comtemporaryအကရောထားတဲ့ အရိုင်းဆန်တဲ့ ကကွက်မျိုးနဲ့ ဖျော်ဖြေတင်ဆက်တဲ့ ကုမ္ပဏီကြီးပါ။ ဆူဆန်နာ(ဆူဇီ)ရောက်ပြီး သိပ်မကြာခင်မှာပဲ နဂိုရှိတဲ့အကမယ် ခေါင်းဆောင်ဟာ အကနည်းပြနဲ့ ကုမ္ပဏီအကြီးအကဲတွေကို စုန်းကဝေတွေအဖြစ် စွပ်စွဲပြီး နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့ပါ တယ်။ သူ့ရှေ့မှာလည်း တခြားပျောက်သွားဖူးတဲ့ အကမယ်တွေရှိနေတဲ့အခါ ဆူဇီနဲ့ သူငယ်ချင်းဖြစ်သူ ဆာရာတို့ မားကို့စ်ကုမ္ပဏီကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြရင်း အော့နှလုံးနာဖွယ်၊ ရွံစရာကောင်းတဲ့ အဖြစ်မှန်ကြီးကို သိရှိလိုက်ရတဲ့အခါ….