Movie Name
Memory Of Encaustic Tile (2022)
Year
2022
Generes
Drama, Romance
Code
SC0491
Type
Series
Size
10.8 GB
Country
China
Description
ဒီတစ်ခါ CM ကနေတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ကျောင်းသားကားလေး ဖြစ်တဲ့ Memory of Encaustic tile ပဲဖြစ်ပါတယ် ဒီကားလေးထဲမှာတော့ Put your head on my shoulder ထဲက မင်းသားချောချောလေး Linyi က Zheng Sunianအဖြစ် အခု CM ကနေ ဘာသာပြန်တင်ဆက်နေတဲ့ Mirror: Twin cities ထဲက မင်းသမီးချောလေး Chen Yuqi က Shao Xue အဖြစ် မင်းသား Yan Zidong က Zhang Qi အဖြစ် အဓိကပါဝင်ထားကြတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ Zheng Sunian Shao Xue နဲ့ Zhang Qi တို့ဟာငယ်ငယ်ထဲက အတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ် သူတို့သုံးယောက်လုံးရဲ့မိဘတွေက ရှေးဟောင်းပစ္စည်းပြုပြင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ထမ်းတွေဖြစ်ပြီး ရှေးဟောင်းရိုးရာပစ္စည်းတွေကို နှစ်သက်ကြသူတွေလည်းဖြစ်ကြပါတယ် သူတို့သုံးယောက်အသက်ကြီးလာတာနဲ့အမျှ ခံစားချက်တွေဟာလည်းပြောင်းလဲလို့လာခဲ့ပါတော့တယ် Zheng Sunian ရဲ့အမေသေဆုံးပြီးနောက်မှာတော့ သူတို့ သုံးယောက်လုံးဟာ ကိုယ်ကျွမ်းကျင်ရာဝါသနာပါရာအလုပ် ကိုယ်စီကိုရွေးချယ်ဖို့ ကွဲသွားခဲ့ကြပါတယ် Shao Xue က Zheng Sunain အပေါ်မှာ တိတ်တဆိတ်ခံစားချက်လေးရှိနေပြီးတော့ Zheng Sunian ဟာလည်း Shao Xue အပေါ်မှာ ခံစားချက်တွေ ရှိလို့နေခဲ့ပါတယ် ထို့အတူပဲ Zhang Qi ကလည်း ငယ်ငယ်ထဲက တူတူကြီးပြင်းလာတဲ့ Shao Xue အ‌ပေါ်မှာ ခံစားချက်ရှိ‌လို့နေပြန်ပါတယ် ခံစားချက်တွေက မတူကြတော့တာဖြစ်လို့ ပြန်ဆုံကြတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို သုံးပွင့်ဆိုင် ကျောင်းသား ဇာတ်လမ်းတွဲလေးကို CM ကနေ မကြာခင်မှာ ‌ တင်ဆက်ပေးတော့မယ့် Memory of Encaustic tile ဆိုတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်