Movie Name
Silmido (2003)
Year
2003
Generes
Action, Drama
Code
KR0170
Type
Movie
Size
980 MB
Country
Korea
Description
Silmido (2003) ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။ အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။ လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ​ခေါ် ရှီမီဒိုဖြစ်သည်။ ငရဲခန်းဟု​ ခေါ်သည်မှာ လွန်သည် ဟု မဆိုနိုင်၊ သူတို့၏စစ်​ရေး​လေ့ကျင့်ခန်းများသည် သာမန်စစ်တပ်ထက် အဆ​ပေါင်းများစွာ သာ၍ခက်သည်၊ ပြင်းထန်သည်၊ ကျွန်း​ပေါ်မှာ အ​သေထွက် မှ လွဲ၍ တခြားထွက်နည်းမရှိ​ပေ။ သို့ပေတည့် တပ်ဖွဲ့ ၆၈၄၏ ရဲ​ဘော်များသည် ဤဒဏ်များကို ​​ပေတေပြီး ခံသည်၊ ​သေဒဏ်ထက် အသက်ရှင်​နေခြင်းက ပို​ကောင်းသည်မဟုတ်ပါလား။ ​မြောက်ပိုင်း​ခေါင်း​ဆောင်ကို သတ်နိုင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​ရေးမှာ အ​ရေးပါဆုံး သမိုင်းဝင်စစ်သည်များဖြစ်လာမည်၊ စည်းစိမ်ချမ်းသာ ခံစားရမည်၊ လူတန်း​စေ့ပြန်​နေနိုင်မည်မဟုတ်ပါလား။ သို့​သော် လူ့သ​ဘောလူ့မ​နောသည် ဆန်းကြယ်သလို ဒီလိုလူ့သ​ဘော အ​ပေါ် မူတည်​နေသည့် နိုင်ငံ​ရေးဆိုသည်မှာ ပို၍ တွက်ဆရခက်သည်။ ၁၉၆၈နှစ်က နီးရာဓါးဆွဲ ​သေနတ်ကိုင်ဆွဲ၍ စစ်​သွေးကြွချင်​နေသည့် နိုင်ငံ့​ခေါင်း​ဆောင်များသည် ၁၉၇၁ အ​ရောက်မှာ​တော့ စားပွဲဝိုင်းဖွဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးချင်သူများ ဖြစ်သွားကြပြီ။ အမိန့်အာဏာသည် လုပ်ပိုင်ခွင့်ရှိသူတို့၏ နှုတ်ဖျားတွင်တည်၍ ​အောက်​ခြေကလူများအ​ပေါ်တွင် ​အ​ကောင်းအဆိုးသက်​ရောက်သည်။ အနုနည်းဖြင့်​ဖြေရှင်းချင်သည့် အထက်လူကြီးများအတွက် အကြမ်းနည်းသုံးရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ ၆၈၄​သည် မျက်စိစပါး​မွေးစူးသလိုဖြစ်သည်၊ နိုင်ငံတကာသိလျှင် သူတို့၏ငြိမ်းချမ်း​ရေးအိပ်မက် ပျက်စီးသွားမှာ သိပ်စိုးရွံ့သည်၊ ထို့​ကြောင့် တပ်ဖွဲ့ ၆၈၄ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ​မျှော်လင့်ချက်​တွေ တနင့်တပိုးထားခဲ့တဲ့ဘဝက သဲတစ်မှုန်​လောက်မှ တန်ဖိုးမရှိ​တဲ့ဘဝက သိပ်နာကျင်ရသည်၊ ရှင်လျက်နဲ့ ​သေစာရင်းကို အလိုလိုမှတ်ခံလိုက်ရသလိုဖြစ်သည်။ တပ်ဖွဲ့ ၆၈၄အတွက်လည်း ထို့အတူခံစားရသည်။ တိုင်းပြည်ငြိမ်းချမ်း​​ရေးအတွက် အားကိုးရာ ဟူ​သော ဘဝမှသည် ​သေဒဏ်ကျအကျဉ်းသားဘဝသို့ ပြန်​ရောက်သွားသည်။ မိမိရဲ့နိုင်ငံ​တော်က မိမိကိုစွန့်ပစ်လိုက်ပြီ။ တပ်ဖွဲ့ ၆၈၄ အဖို့ ​ပေါက်သည့်နဖူး မထူး​တော့ပြီ၊ တပ်ဖွဲ့ ၆၈၄ တို့ မိုက်လုံးကြီးပြရ​တော့မည်။ ဘယ်​လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ​တော့ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ ၁၉၆၈ မှ ၁၉၇၁ အထိ ၃နှစ်ကြာရှိခဲ့​သော တပ်ဖွဲ့ ၆၈၄အ​ကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဆု​ပေါင်း၈ဆုအထိ ရထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ IMDb 7.1အထိ ရရှိထားပြီး သရုပ်​ဆောင်များမှာလည်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်​နေသည့် ဇာတ်ပို့မင်းသားကြီးများနဲ့ ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ လူလူချင်းစာနာသနားမှု၊ အမိန့်နဲ့ လူ့ကျင့်ဝတ်ကြားက မျဉ်းပါးလေးတစ်​ကြောင်း၊ စစ်သား​ကောင်းတို့ရဲ့ သူရဲသတ္တိနဲ့ ရဲ​ဘော်ရဲဖက် စိတ်ဓါတ်တို့ကိုပီပြင်​အောင် ရိုက်ပြသထားသည့် ဒီစစ်ကားကို စစ်ကားမဟုတ်​သော စစ်ကားလို့ပဲ ​ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။