-
Movie Name
-
Doctor Stranger
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
SKR0244
-
Type
-
Series
-
Size
-
7.90 GB
-
Country
-
Korea
-
Description
-
အခုတစ်ခါ တင်ဆက်ပေးမဲ့ drama ကတော့ SBS က 2014 ခုနှစ်မှ ပြသခဲ့တဲ့ Doctor Strange ဆိုတဲ့ drama ဖြစ်ပါတယ် ။ မင်းသား မင်းသမီးတွေကတော့ အားလုံးရင်းနှီးပြီးသားပါပဲ ။ အဓိက သရုပ်ဆောင် တွေအနေနဲ့ Lee Jong Suk က Park Hoon အဖြစ်… Jin Se Yeon ( Grand Prince ,The Flower in Prison…) က Song Jae Hee/ Han Seung Heeအဖြစ် … Park Hae Jin (My love from another star,Man to Man …) က Han Jae Joon / Lee Sung Hoon အဖြစ် …. Kang So ra ( Dream Heigh 2 , Revolutionary love …) က Oo Soo Hyun အဖြစ် … ပါဝင်သရုက်ဆောင်ထားပါတယ် ။ ဇာတ်လမ်း အကျဉ်း Park Hoon(Lee Jong Suk ) ငယ်စဉ်အခါက အဖေ ဖြစ်သူ Park Cheol တို့ လိမ်ညာပြီး မြောက်ကိုရီးယားကို အပို့ခံခဲ့ရပါတယ် ။ မြောက်ကိုရီးယား အပို့ခံရပြီးတဲ့နောက်ပိုင်းမှာ သူတို့ သားအဖ နှစ်ယောက် တောင်ကိုရီးယားကို ပြန်သွားဖို့ငြင်းပယ်ခံခဲ့ရပါတယ် ။ အဲ့ဒီလိုနဲ့ Park Hoon တစ်ယောက် နာမည်ကျော်ကြားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်တဲ့ သူ့အဖေက ဆရာဝန်ဖြစ်အောင် သင်ပေးခဲ့ပါတယ် ။ မြောက်ကိုရီးယား က ဆေးကျောင်း တက်ပြီးတဲ့နောက်မှာ အကျွမ်းကျင်ဆုံး နှလုံးနဲ့ရင်ခေါင်း ခွဲစိတ် ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပြီး Song Jae Hee (Jin Se yeon ) နဲ့ ချစ်ကြိုက်ခဲ့ပါတယ် ။ Park Hoon အဖေ သေဆုံးပြီးနောက်မှာ Park Hoon က သူ့ချစ်သူ Song Jae Hee တို့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ ထွက်ပြေးနေစဉ် အတွင်း မှာ သူ့ချစ်သူနဲ့ အဆက်အသွယ်ပြတ်ပြီး တစ်ယောက်တည်း တောင်ကိုရီးယားကို ပြန်လာခဲ့ရပါတယ်။ တောင်ကိုရီးယား ရောက်တဲ့အခါမှာ….. Park Hoon ဟာ တောင်ကိုရီးယားရဲ့ထိပ်တန်း ဆေးရုံဖြစ်တဲ့ Myungwoo တက္ကသိုလ် ဆေးရုံမှာ အလုပ်ဝင်ခဲ့ပြီး သူ့ချစ်သူနဲ့ တူတဲ့ ဆရာဝန် Han Seung Hee တစ်ယောက် နဲ့ တွေ့တဲ့ အခါ…… အဲ့ ဆရာဝန်မလေး Han Seung Hee က Park Hoon ကို သိလား မသိလား ဆိုတာကိုတော့ စောင့်မျှော်ကြည့်လိုက်ပါနော်