Movie Name
ကြယ်ရောင်ပျောက်တဲ့ကောင်းကင် (Dung Duang Haruetai)(2008)
Year
2008
Generes
Drama, Romance
Code
MST05
Type
Series
Size
7.16 GB
Country
Thai
Description
1-15 Complete ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းလေးကတော့ နိုင်ငံသုံးနိုင်ငံရဲ့အချစ်,အလွမ်း,ရန်ငြိုးနဲ့ပြိုင်ဆိုင်မှုအစရှိတဲ့ရသပေါင်းစုံပါဝင်သောဇာတ်လမ်းလေးပေါ့နော် အဲ့ဒီ သုံးနိုင်ငံအနက် ဘုရင် Rungsimun အုပ်ချုပ်တဲ့ Kasit နိုင်ငံဟာ အချမ်းသာဆုံးနှင့် သြဇာအရှိဆုံးဖြစ်သော်လည်း ပင်လယ်လမ်းကြောင်းမရှိသောကြောင့် ဘုရင် Rungsimun ဟာ ရေလမ်းကြောင်း အဆင်ပြေစေရန်အတွက် နိုင်ငံရေးအရ Thantaမှမင်းသမီးMunisalaနဲ့လက်ထပ်ထိမ်းမြားရန်စီစဉ်ခဲ့ပါတယ် သို့သော်လည်း အကယ်၍ Kasitနှင့်Thantaတို့ ပေါင်းစည်းကြမယ်ဆိုရင် Puntoolat က အထီးကျန်နေမှာဖြစ်တဲ့အတွက် တိုင်းနိုင်ငံသုံးနိုင်ငံသည် အချင်းချင်း သံသယစိတ်ဖြင့် နှစ်ရှည်လများ နေထိုင်လာခဲ့ကြပါတယ် မင်းသမီး Munisala ဟာ ဘုရင် Rungsimunနဲ့ပတ်သက်တဲ့ ရက်စက်ကြမ်းကြုတ်သော ဇာတ်လမ်းများစွာကို ကြားသိခဲ့ရသောကြောင့် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သော်လည်း မတော်တဆ ထောင်ချောက်ထဲသို့ ပြုတ်ကျကာ Puntoolat နိုင်ငံရဲ့ မင်းသား Tiyuttithorn/ Pee Chai ရဲ့ ကယ်တင်ခြင်းခံခဲ့ရပါတယ် မင်းသမီး Munisala ပျောက်ဆုံးသွားသည့်သတင်းကို ကြားရပြီး Pee Chai နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သိလိုက်ရသောအခါမှာ Puntoolat နိုင်ငံရဲ့မင်းသမီး Tasika ဟာ စစ်ပွဲစတင်မည်ကို ကြောက်ရွံ့သောကြောင့် Pee Chai နှင့် စကားပြောရန် ကြိုးပမ်းခဲ့သော်လည်း ဘုရင် Rungsimun မွ ပြန်ပေးဆွဲကာ Kasit သို့ ခေါ်ဆောင်သွားခြင်းခံရပါတော့တယ် ဘုရင်Rungsimunဟာ Munisala ပြန်လာရန် ညှိနှိုင်းဖို့အတွက် သူမအား ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရသည်ဟု Tasika က ယုံကြည်ခဲ့ပြီး Rungsimun ကို အစပိုင်းတွင် သေဘာမက်ခဲ့ပါဘူး ဒါပေမဲ့ Rungsimun ကေတာ့ Tasika ကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ် ဒါပေမဲ့ Rungsimun ကို ချစ်နေတဲ့ Mina (Nok) က အဆက်မပြတ် နှောက်ယှက်နေသဖြင့် ပြသနာများ ပိုမိုရှုပ်ထွေးလာပါတော့တယ် နောက်ပိုင်းမှာ Munisala နှင့် Tiyuttithorn တို့ဟာ တဖြည်းဖြည်း ချစ်စပြုလာချိန်မှာတော့..... သူတို့ရဲ့ချစ်ခြင်းကြားမှာ အတားအဆီးတွေရှိလာမှာလား တိုင်းပြည်၃ခုရဲ့အရှုပ်အထွေးတွေကြားမှာသူတို့၂ဦးရဲ့ချစ်ခြင်းတွေရှေ့ဆက်နိုင်ပါ့မလားဆိုတာ....Thai Drama Page မွာ စောင့်မျှော်အားပေးကြပါအုံးနော်