-
Movie Name
-
နတ်သမီး၏နှလုံးသားရဲတိုက် (Wimarn Mekala) (2016)
-
Year
-
2016
-
Generes
-
Comedy, Drama, Romance
-
Code
-
ST0487
-
Type
-
Series
-
Size
-
14 GB
-
Country
-
Thai
-
Description
-
နတ်သမီး၏နလုံးသားရဲတိုက်" အပိုင်း (1-28)ထိ
ဒီဇာတ်ကားလေးဟာ အရမ်းကိုပဲ ရယ်ရတာကြောင့် fan fanတို့
ကြည့်မယ်ဆိုရင် ဘဝအမောတွေကို ပြေသွားစေပါမယ်ရှင်✌❤
main cast❤
~~~~~~~~
ဖရာ အဖြစ် Andrew Gregason
မေခလာ အဖြစ် Bella Ranee
တို့အဓိကထားပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်...!!!
(Bella Campen Myanmar Fan Club နှင့်
About The Thai Cele တို့ ပူးပေါင်းတင်ဆက်သည်)
ဇာတ်လမ်းအညွှန်း❤👇
~~~~~~~~~~~
အနုပညာအသိုင်းအဝိုင်းမှာ နမည်ရနေတဲ့ မင်းသမီး
"မေခလာ" (Bella)ဟာ ဇာတ်ကားရိုက်ကူးနေရင်း ပြဿနာတစ်ခု ဖြစ်ပွားခဲ့တာကြာင့် ဇာတ်ကားရိုက်ကူးမှုကို ရပ်ခဲ့ရပါတယ်😐
အဲ့ဒီပြဿနာဖြစ်နေစဉ်အတွင်းမှာ
"ဖရာ"(Andrew) ဆိုတဲ့ ကောင်လေးဟာ
"မေခလာ"(Bella) ဆီရောက်ရှိလာခဲ့ပါတယ်....!!!
(အဲ့ဒီလို ....!!!
"ဖရာ"(Andrew) ရောက်လာရခြင်းမှာ
"မေခလာ"(Bella)ဦးလေးက "မေခလာ"(Bella)ကို သစ်တောကြီးကို စောင့်ရှောက်ဖို့ အမွေပေးခဲ့တာ
လာပြောရခြင်းဖြစ်ပါတယ်....!!!)
အဲ့ဒီထိန်းသိမ်းဖို့ လာပေးတဲ့ သစ်တောကြီးကို
"မေခလာ" (Bella) က မထိန်းသိမ်းပဲ ရောင်းချချင်နေတယ်😐
("မေခလာ" (Bella)ဆီမှာ ငွေကြေးပြဿနာလေးတွေ
ပေါ်ပေါက်နေတာကြောင့်လည်းပါတာပေါ့)
တစ်နေ့တော့....!!!
အဲ့ဒီ သစ်တောခြံကြီးကို ရောင်းချဖို့
"မေခလာ" (Bella) က အဲ့ဒီကို သွားပါတော့တယ်.....!!!
(အဲ့ဒီအချိန်မှာလည်း "ပရင်မ်" ဆိုတဲ့ ဆရာမလေးကလည်း "မေခလာ" (Bella) သွားမယ့်နေရာကရွာမှာ
စာသွားသင်ဖို့ လာခဲ့တာပေါ့)
"မေခလာ" (Bella) နဲ့ "ပရင်မ်"ဟာ အတူတူဆုံရင်း
"ဖရာ"(Andrew) က သူတို့ကို လာအကြိုမှာ ကား accident တစ်ခုဖြစ်တာပေါ့😱
အဲ့ဒါနဲ့ "ပရင်မ်"ဆိုတဲ့ ဆရာမလေးဟာ သေသွားပြီး
"မေခလာ" (Bella) ကလည်း အတိတ်မေ့သွားခဲ့ပါတယ်....!!!
အဲ့ဒါကြောင့် "ဖရာ"(Andrew) က "မေခလာ"(Bella) ကိုဆရာမလေး "ပရင်မ်"အဖြစ် ရွာကို ခေါ်သွားတာပေါ့✌
(ဘာကြောင့်လဲဆိုတော့...!!!
"မေခလာ" ပိုင်ဆိုင်တဲ့ သစ်တောခြံကြီးကို ပိုင်ဆိုင်ချင်တဲ့လူဆိုးတွေ ရှိတာကြောင့်မလို့ပါ ပိုင်ရှင်အဖြစ် မသိစေချင်တာကြောင့်လည်း ဖြစ်ပါတယ်❤)
အဲ့လိုနဲ့....!!!
ဆရာမ "ပရင်မ်" အဖြစ် "မေခလာ"(Bella) ကို
ခေါ်သွားတော့ အတိတ်မေ့သွားတဲ့ "မေခလာ"(Bella) ဟာ အမွေစိန်မလေး အဖြစ် ရောက်ရှိပြီး ဆရာမလေး"ပရင်မ်"အဖြစ်နဲ့ပဲ နေရတာပေါ့👀😅
ထိုနောက်....!!!
အဲ့ဒီရွာမှာ "မေခလာ"(Bella) ဟာ ဆရာမလေး"ပရင်မ်" အဖြစ်နေရင်း ဘယ်လိုအခွီတွေ အလွဲတွေများ
လုပ်သွားမလဲ?
နောက်ပြီး " ဖရာ"(Andrew) နဲ့ ဘယ်လိုမျိုး ချစ်ကြိုက်သွားမလဲ?
"မေခလာ"(Bella) အတိတ်မေ့တာကနေ သတိပြန်ရတဲ့အခါ ဘာတွေများ ဆက်ဖြစ်လာမလဲ?
သစ်တောခြံကြီးကို လုယူချင်တဲ့ လူဆိုးတွေကြားထဲ
"ဖရာ" (Andrew) နဲ့ "မေခလာ"(Bella) တို့ ဘယ်လို
ကျော်ဖြတ်သွားကြမလဲ?
ဆိုတာ ဒီဇာတ်လမ်းကောင်းလေးကို မလွှတ်တမ်းပဲ စောင့်ကြည့်လိုက်ကြရအောင်ရှင်❤