Movie Name
Tyler Perry’s A Madea Homecoming (2022)
Year
2022
Generes
Comedy
Code
EN0975
Type
Movie
Size
872 MB
Country
Hollywood
Description
Tyler Perry’s A Madea Homecoming (2022) အခု တင်ဆက်ပေးမှာကတော့ ဟာသကားကြိုက်သူများအတွက် Madea film series တွေထဲက နောက်ဆုံးထွက် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Madea film ဖြစ်တာနဲ့အညီ ရယ်‌မောဖွယ် ဟာသများဖြင့် မြူးမြူးကြွကြွ တင်ဆက်ထားပါတယ်။ တချို့ ဟာသများ အနေနဲ့ကတော့ လွန်လွန်ကျူးကျူးလုပ်ပြတာတွေ ပါရှိသော်လည်း ခြုံကြည့်ရင်တော့ ကလိထိုးစရာမလိုဘဲ ရယ်မောရမှာပဲဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာတွေများနေတဲ့ အချိန် မျိုးမှာ ခဏတာ စိတ်အပန်းပြေစေဖို့ ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ မက်ဒီယာ ဟာ မြစ်ဖြစ်သူ တင်မ် ဘွဲ့ရတဲ့ အထိမ်းအမှတ်အဖြစ် စားပွဲသောက်ပွဲကျင်းပဖို့ စီစဥ်ပါတော့တယ်။ သို့သော် မက်ဒီယာ မလာစေချင်သောသူ တစ်ယောက် မထင်မှတ်ဘဲ ရောက်လာရာကနေ ပြဿနာတက်ပါတော့တယ်။ လူများတဲ့ မိသားစု ဖြစ်တာနဲ့အညီ ကိုယ်စီကိုယ်စီ အထင်အမြင်၊ အယူအဆတွေ ကွဲပြားကြတာမို့ ထိုသူတွေကို တစ်နေရာတည်း စုလိုက်ရမှာမှပြဿနာများ၊ အလွဲများ ဖြစ်လာပါတော့တယ်။ ထို ကိစ္စများကို မက်ဒီယာ ဘယ်လို ဖြေရှင်းမလဲ၊ ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ပါ့မလားဆိုတာကိုတော့ ဟာသနှောလျက် တင်ဆက် သည်များကို ရယ်မောရင်းကြည့်ရှု့လိုက်ကြပါဦး။