Movie Name
The Liar And His Lover (2013)
Year
2013
Generes
Romance
Code
JP0050
Type
Movie
Size
850 MB
Country
Japan
Description
The Liar and His Love (2013) လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို ” မြင်မြင်ချင်းအချစ် “ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် တကယ်​မေတ္တာသက်ဝင်သွားတဲ့အခါ၊ သူကိုယ်တိုင်လည်း ချစ်ဟန်​​ဆောင်ရင်း မသိစိတ်ကတကယ်ချစ်မိသွားတဲ့အခါ အရာရာဟာ ပြန်လည်ပြင်​ဆင်ဖို့ အချိန်မီပါဦးမလား၊ အရာအားလုံး ​နောက်ကျသွားခဲ့ပြီလား၊ အချစ်ကိုရှောင်​​ပြေးချင်လို့ အလိမ်အညာ​တွေ သုံးခဲ့ကာမှ အချစ်နဲ့ ထပ်ထိပ်တိုက်တိုးတဲ့အခါ Akiတစ်​ယောက် ဘယ်လိုဆက်လုပ်မလဲ။ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japan Musical Romanceကား​လေး ဖြစ်ပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ​တေးသီချင်း​တွေနဲ့ထုံမွှမ်းထားတဲ့ ရုပ်ရှင်​လေးပဲဖြစ်ပါတယ်။ ​Aki​ နေရာက သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး​ပြောစရာမလိုတဲ့ Rurouni Kenshin မင်းသားTakeru Satohပဲဖြစ်ပါတယ်။ ဂျပန်က ပရိတ်သတ်​တွေ​ရော နိုင်ငံတကာက ပရိတ်သတ်​တွေကြားမှာပါ ​ရေပန်းစားခဲ့တဲ့ဇာတ်ကားဖြစ်ပြီး 2009 ခုနှစ်ထွက် “Kanojo wa Uso o Aishisugiteru” manga ကို Live Adaptation အဖြစိ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2017မှာ​တော့ ​တောင်ကိုရီးယားက Lee Hyun Woo, Song Kang, Joyတို့နဲ့အတူ Remake Drama အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး မြန်မာပရိတ်သတ် ​တွေကြား ​ရေပန်းစားခဲ့ပါ​သေးတယ်။ Musical and Romanceဖြစ်တာနဲ့အညီ OSTတစ်ပုဒ်ချင်းစီက သိပ်ကိုလှပပြီး ဇာတ်လမ်းနဲ့ လိုက်ဖက်ညီ​နေခဲ့တာပါ။ ​ နောက်ဆုံး OSTဖြစ်တဲ့ Chippoke na Ai no Uta (သေးငယ်တဲ့ ချစ်ခြင်းရဲ့သံစဉ်ဖွဲ့သီချင်း)က တကယ်ကိုနား​ထောင်လို့​ကောင်းသလို နာမည်လည်း​ တော်​တော်ရခဲ့တာပဲဖြစ်ပါတယ်။ IMDb 6.7ရရှိထားတဲ့ အချစ်ဇာတ်လမ်းလှလှ​လေးတစ်ပုဒ်နဲ့ စိတ်အပန်း​ဖြေလိုက်ပါဦး။