Movie Name
Gangs Of 18 (2022)
Year
2022
Generes
Drama, Thriller
Code
IND0301
Type
Movie
Size
1.12 GB
Country
Bollywood
Description
Gangs of 18(2022) ယခုနှစ်မှထွက်ရှိလာတဲ့ အိန္ဒိယ အက်ရှင်/ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb 9.0/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သာမန်ဇာတ်ကားတစ်ကားဆိုတာထက်ပိုတာကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဥ်းကတော့ ကာကီနာဒါဆိုတဲ့မြို့မှာ အခြေခံလူတန်းစား၊တစ်နည်းပြောရရင် ဆင်းရဲချို့တဲ့တဲ့ ကျောင်းသားတွေတက်တဲ့ကျောင်းနဲ့ လူကုံထံအသိုင်းအဝိုင်းကကျောင်းသားတွေတက်တဲ့ကျောင်းဆိုပြီးနှစ်ကျောင်းရှိပါတယ်။ ဆင်းရဲသားကျောင်းကကျောင်းသားတွေကတော့ စားဝတ်နေရေးတောင်အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာ လူကုံထံကျောင်းကကျောင်းသားတွေကတော့ မူးယစ်ဆေးတွေအပျော်အပါးတွေနဲ့နစ်မွန်းနေခဲ့ပါတယ်။ ဒါ့အပြင်သူတို့နှစ်ကျောင်းကလည်းဘယ်တော့မှ သင့်သင့်မြတ်မြတ်မရှိပဲ ဦးသူဆော်စနစ်နဲ့ အချင်းချင်းကြုံသလိုပြသနာရှာဖို့ချောင်းပြီး အမြဲရန်ပွဲတွေဖြစ်နေကြတာပါ။ ဒီဘဝပေးအခြေနေချင်းမတူကြတဲ့လူငယ်တွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမှာလဲ။ မပြည့်စုံတဲ့ဘဝကလူငယ်တွေကရော သူတို့ပန်းတိုင်ကိုရှာဖွေနိုင်မှာလား။ ချမ်းသာပြီး ပျက်စီးနေတဲ့လူငယ်တွေကရော လမ်းမှန်ကိုပြန်ရောက်နိုင်ပါ့မလား။ သူတို့ချင်းကြားကရန်ပွဲတွေကရော ဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာကိုတော့ ပရိသတ်ကိုယ်တိုင်ပဲရှုစားပေးကြပါဦး။ လူငယ်ကျောင်းသားဘဝအငွေ့အသက်တွေနဲ့ အက်ရှင်ဒရာမာဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်တော့ တကယ်ကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။