-
Movie Name
-
When The Devil Calls Your Name
-
Year
-
2019
-
Generes
-
Comedy, Drama
-
Code
-
SKR0037
-
Type
-
Series
-
Size
-
10.4 GB
-
Country
-
Korea
-
Description
-
အခုတစ်ခေါက်မှာတော့ မနှစ်က တင်ဆက်ပေးခဲ့တဲ့ Life on Mars ဇာတ်လမ်းတွဲထဲမှ စုံထောက် နဲ့ ရဲမှူးကြီးတို့ အတွဲဖြစ်တဲ့ Jung Kyung-ho နဲ့ Park Sung-woong တို့ရဲ့ Ongoing Drama တစ်ခုပဲ ဖြစ်ပါတယ် … ယခု Drama ထဲမှာလဲ Life On Mars ဇာတ်လမ်းတွဲလိုမျိုး သူတို့နှစ်ယောက်ရဲ့ မတည့်အတူနေ နှစ်ယောက်ကြားက ဟာသတွေကို tvN ရဲ့ သဘာဝလွန်ဇာတ်ညွှန်းနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း အနည်းငယ်ပြောရမယ်ဆိုရင် – အနုပညာနယ်ပယ်မှာ အောင်မြင်တဲ့တေးရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ပါရမီရင့်သန်မှုတွေ, ဉာဏ်ကွန့်မြူးမှုတွေနဲ့ ဝါသနာကြီးမှုတွေအများကြီးရှိမှဖြစ်မှာပါ … ဒါပေမဲ့ Ha Rip လောက်ကျော်ကြားတဲ့အဆင့်ရောက်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ပေးဆပ်မှုတွေအများကြီးလုပ်ဖို့လိုပါလိမ့်မယ် … Ha Rip တစ်ဖြစ်လဲအနုပညာရှင်တစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး နာမည်ရဖို့ကြိုးစားနေခဲ့ရသူပါ … ဒီလိုနဲ့ သူ့အနေနဲ့ လက်လျှော့ရလုဆဲဆဲမှာ သူဖြစ်ချင်တာတွေဖြစ်ရဖို့ ကမ်းလှမ်းမှုတစ်ခူကိုရခဲ့ပါတယ် … ဒါကတော့ သူလိုချင်တဲ့ အောင်မြင်မှုကိုရဖို့အတွက် သူ့ဝိဉာဉ်ကို နတ်ဆိုးဆီကို ရောင်းရတာပဲဖြစ်ပါတယ် … သူ့အတွက် အချိန် ၁၀ နှစ်ရခဲ့ပြီး အဲဒီအချိန်အတွင်းမှာ သူ့ရဲ့အောင်မြင်မှူအရှိန်အဟုန်တွေ ထိုးတက်ခဲ့ပေမဲ့ တစ်နေ့မှာတော့ နတ်ဆိုးနဲ့ ချုပ်ထားတဲ့ စာချုပ်သက်တမ်းပြည့်တဲ့ရက်ကို ရောက်လာပါတော့တယ် … ဒါပေမဲ့ အဲဒီအချိန်မှာ သူသိလိုက်ရတာက သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုနဲ့ဆက်စပ်နေတယ်ဆိုတာပါပဲ … အောင်မြင်မှုအတွက် ဝိဉာဉ်ကိုရင်းထားရသူတစ်ယောက်နဲ့ သူ့ဘဝအောင်မြင်အောင် အထောက်အပံ့ပေးရသူ ၂ ယောက်ကြား ဘာတွေဆက်ဖြစ်မှာလဲ? အခုလက်ရှိ TvN ကနေထုတ်လွှင့်ပြသနေပြီး စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းဆိုချင်ပါတယ် … ဝိဉာဉ်ရောင်းစားသူ Ha Rip အဖြစ် Jung Kyung-ho နဲ့ နတ်ဆိုး Ryu အဖြစ် Park Sung-woong တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ် Rating တွေအရ Viki မှာ 9.4/10 နှင့် MyDramaList မှာ 8.5/10 အသီးသီးရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ …