-
Movie Name
-
The Autumn Ballad (ဆောင်းဦးဟေမာန်ချစ်တေးသံ)(2022)
-
Year
-
2022
-
Generes
-
Drama, Historical, Romance
-
Code
-
SC0494
-
Type
-
Series
-
Size
-
9.2 GB
-
Country
-
China
-
Description
-
(1-34) Complete
The Autumn Ballad
ဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့နန်းတွင်းဇာတ်ကားလေးဖြစ်တဲ့ The Autumn Ballad ပဲဖြစ်ပါတယ်
ဒီကားလေးမှာတော့လက်ရှိ CM မှာပြသနေတဲ့ Dream Garden ထဲကမင်းသမီးချောလေး Qiao Xin က (ချိုးယန်း)အဖြစ်
Novoland:castle in the sky 2 ထဲကမင်းသားချော Xu Zheng Xi က (လျန်ရိ)အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ချိုးမိသားစုရဲ့အချစ်မခံရတဲ့ချိုးယန်းမမလေးကတစ်နေ့မှာဖိအားပေးလက်ထပ်ခြင်းခံခဲ့ရတယ်
ကံမကောင်းစွာနဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲ သတို့သားလောင်းဟာ သေသွားခဲ့ပြီးချိုးယန်းဟာလည်း အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရပါတယ်
ချိုးယန်းကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဇွဲလုံ့လဝိရိယကိုသုံးပြီးပိတ်လှောင်ထားရာကနေလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့ပါတယ်
ဒါပေမယ့်လည်း အဲ့ကိစ္စကမပြီးသေးဘဲ တစ်စတစ်စပိုပိုရူပ်ထွေးတဲ့အမှုဖြစ်လာပါတော့တယ်
အဲ့အမှုကိုစုံစမ်းရင်းအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်မှာအေးတိအေးစက်နိုင်တဲ့ ဦးရီတော်လျန်ရိနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါတော့တယ်
လက်ရုံးရည်ရောနှလုံးရည်နဲ့ပါပြည့်စုံတဲ့ လျန်ရိနဲ့ဉာဏ်ရည်ထက်မြက်တဲ့ချိုးယန်းတို့နှစ်ယောက်အပြန်အလှန်ဖေးမကူညီပေးရင်း
အမှုတွေ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ တစ်ယောက်နဲ့တစ်ယောက်
ဖေးမကူညီရင်းအချိန်တွေကြာလာတာနဲ့အမျှလျန်ရိနဲ့ချိုးယန်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့
CMကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် The Autumn Ballad ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~