Movie Name
Finding Ola
Year
2022
Generes
Comedy, Drama
Code
SE0208
Type
Series
Size
2.48 GB
Country
Hollywood
Description
Finding Ola (2022) 1-6 Complete IMDb Rating – 7.7/10 ကွာရှင်းမှုဆိုတာ ယောင်္ကျားတွေအတွက်တော့ လွတ်လပ်မှု၊ မိန်းမတွေအတွက်တော့ အကျဉ်းထောင် တဲ့ . . . ဒီစကားက အငြင်းပွားဖွယ်နိုင်ရာတော့ ရှိတာပေါ့။ ဘာလို့ဆို တချို့သောကိစ္စတွေမှာက ၂ ယောက်လုံးအတွက် လွတ်လပ်မှု ဖြစ်နေနိုင်သလို အိမ်ထောင်ဆိုတာကမှ အကျဉ်းထောင်လို့ ဆိုလာနိုင်သူတွေလည်း ရှိနေနိုင်ပါတယ်။ သို့ပေမဲ့ များသောအားဖြင့် အမျိုးသမီးတစ်ယောက်ကို ကွာရှင်းမှုကမှ တကယ့်အကျဉ်း ထောင်လို့ ပြောရင် သူလက်ခံနိုင်ချေရှိတယ်။ ဘာလို့ဆို လက်တွဲဖော် မရှိတော့ဘူးဆိုသည်နဲ့ တစ်ပြိုင်နက် သူဟာ ကိုယ့်ထူးကိုယ်ချွန်ပြီး ဘ၀အတွက် ရုန်းကန်လှုပ်ရှားရတော့မယ်။ သားသမီးရှိနေရင် လူပိုစာပါ သူရှာရမယ်။ မိသားစုတာ၀န်ကြီး တစ်ခုလုံးက မောင်တစ်ထမ်း မယ်တစ်ရွက်ကနေ မယ်ချည်းသာလျင်အခြေအနေကို ရောက်လာမယ်။ ဒီတော့ ဟုတ်တယ် ဘ၀သစ်ရဲ့ အကျဉ်းထောင်ကြီးလိုပါပဲ … အလားတူ မိကံဆိုးကြီး Ola ဟာလည်း ဒီထောင်ကျသွားသဗျ ဒီထောင်ထဲ အရောက်ပို့လိုက်သူ ကတော့ သူ့‌ချစ်လင် ကိုယ်တိုင်ပါပဲ။ ဒီတော့ သူ့ဘ၀ဟာ မိုးနဲ့မြေလို ရုတ်ချည်း ကွာခြားသွားခဲ့တယ်။ single mother တစ်ယောက်ရဲ့ ဘ၀ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်း သားသမီး ၂ ယောက်ကို ရရာ နည်းနဲ့ ပျိုးထောင်ဖို့ ဖြစ်လာတယ်။ လမ်းလျှောက်တတ်ခါစကလေးလေးလို တစ်ခုလပ်ဘ၀နဲ့ ယက်ကန်ယက်ကန်ပေါ့။ သားကပူ သမီးကဆူ၊ အတိတ်နဲ့ လုံး၀ကွဲပြားသွားတဲ့ သူ့ရဲ့ ဘ၀သစ်ကို စမ်းတဝါးဝါး စတင်ရင်း Ola ဘယ်လိုတွေ တိုင်ပတ်မလဲ .. ဒီဘ၀ကြီးကို သူ့အနေနဲ့ ကိုင်တွယ်နိုင်မလား Ola ဟာ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိနိုင်မှာလား။ ပြောကြတာတော့ ” ကျွန်တော်တို့ အားလုံးဟာ ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်ပါတယ် ” တဲ့ ဒါပေမဲ့ ဗရုတ်ကျတဲ့ ကလေးတို့မေမေ Ola ကရော ဒီအခွင့်အရေးကို အရယူနိုင်ပါ့မလား။ Finding Ola ဟာ comedy drama ဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ တလွဲတွေလုပ်ရင်း ဘ၀သင်ခန်းစာ ပေးဦးမဲ့ Netflix ရဲ့ စီးရီး နောက်တစ်ပုဒ်ပါပဲ။ ဘယ်လို ဗရုတ်ကျ ဘယ်လို သင်ခန်းစာ ပေးမလဲ ဆိုတာကတော့ Ola နဲ့အတူ ရှာပုံတော်ဖွင့်ကြရမှာပဲဗျို့