-
Movie Name
-
Semantic Error (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SKR0609
-
Type
-
Series
-
Size
-
2.49 GB
-
Country
-
Korea
-
Description
-
Semantic Error (2022) ဇာတ်လမ်းတွဲအညွှန်း
************************************
အပိုင်း 1– 8 (ဇာတ်သိမ်းပိုင်း)
ကွန်ပျူတာသိပ္ပံမေဂျာက ဂျူနီယာကျောင်းသားလေး ချူဆန်းဝူဟာ အမှန်တရားလက်ကိုင်ထားတဲ့ အေးစက်ဖြောင့်မတ်သူတစ်ယောက် ဖြစ်ပါတယ်။
ဘယ်လောက်တောင် အကျိုးအကြောင်းသင့်လုပ်တတ်လဲဆိုရင် နောက်ဆုံးနှစ်အဖွဲ့လိုက် presentation လုပ်ရတုန်းက သူတစ်ယောက်တည်း လုပ်ရလို့ဆိုပြီး ကျန်တဲ့အဖွဲ့သားတွေနာမည်အကုန်လုံးကို လူသိရှင်ကြား ပယ်ထုတ်ပြီး
သူ့နာမည်တစ်ခုပဲ ရေးခဲ့တဲ့သူမျိုးပေါ့။
ဒါပေမယ့် သူမသိလိုက်တာက သူ့ရဲ့အဲ့လိုလုပ်ရပ်က စီနီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဂျန်ဂျယ်ယောင်းရဲ့ပညာရေးမှတ်တမ်းမှာ အကြီးကြီးသွားရိုက်ခတ်ပါတော့တယ်။
ဒီဇိုင်းမေဂျာက ဂျယ်ယောင်းကတော့ ဆန်းဝူနဲ့ဆန့်ကျင်ဖက် စတိုင်ကျ လူချစ်လူခင်ပေါပြီး အတော်လေးနာမည်ကြီးတဲ့သူတစ်ယောက်ပါ။
ဆန်းဝူရဲ့လုပ်ရပ်ကြောင့် သူ့ရဲ့နိုင်ငံခြားပညာတော်သင်သွားမယ့် မဟာစီမံကိန်းကြီး ရုတ်တရက် ပျက်စီးသွားတဲ့အခါမှာတော့ ဆန်းဝူကို မရမကသွားရှာဖို့ဖြစ်လာပါတော့တယ်။
စရိုက်ချင်းဆန့်ကျင်ဖက်ဖြစ်တဲ့ သူတို့နှစ်ယောက် အတူတူတွဲလုပ်ရတဲ့အချိန် နှစ်ယောက်ကြားမှာ ထူးခြားတဲ့သံယောဇဉ်လေးတစ်မျိုး စတင်ရစ်ပတ်လာတဲ့အခါမှာတော့…