-
Movie Name
-
Cunning Single Lady
-
Year
-
2014
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0610
-
Type
-
Series
-
Size
-
12.1 GB
-
Country
-
Korea
-
Description
-
1-16 Complete
Cunning Single Lady (2014)
ဒီတစ်ခေါက်မှာတော့ အချစ် ဟာသ ဒရမ်မာ စီးရီးလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ တော့
အိမ်ထောင်ရှင် အမျိုးသမီး နာအယ်ရာ နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ချာဂျောင်ဝူး တို့ဟာ စီးပွားရေးအခက်အခဲတွေ ကြုံတွေ့ရချိန်မှာ မျှော်လင့်ချက်မဲ့ပြီး ကွာရှင်းပြတ်စဲခဲ့ပါတယ်။ Single lady ဖြစ်သွားတဲ့ နာအယ်ရာရဲ့အိမ်မက် တော့အောင်မြင်ပြီးချမ်းသာတဲ့အမျိုးသားတစ်ယောက်နဲ့ ထပ်တွေ့ပြီး လက်ထပ်ဖို့ စိတ်ကူးယဉ်နေခဲ့တာပါ။
ဖြစ်ချင်တော့ သူမရဲ့ ခင်ပွန်းဟောင်းဟာ သူမ ရှေ့မှာအရမ်းအောင်မြင်တဲ့ စီအီးအိုတစ်ယောက်အဖြစ်နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူ စီအီးအိုက လည်းပြန်တွေ့ချိန်မှာတော့ လက်စားချေဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။
ဒီဇာတ်လမ်းလေးမှာတော့ အိမ်ထောင်ရှင်နှစ်ဦးတို့ ကွာရှင်းပြီးမှ ပြန်လည်ဆုံစည်းကြပုံကို ချိုတစ်ခါ ခါးတစ်လှည့် ပုံဖော်ထားတာဖြစ်ပါတယ်။ နှစ်ဦးစလုံး ချစ်နေကြသေးပေမဲ့ နောင်တတွေ နားကျည်းမှုတွေနဲ့ ရောယှက်လာတဲ့ အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
တစ်ခါတစ်ရံမှာတော့ ဖြေဆေးအနေနဲ့ ရယ်မောဖွယ် ဟာသဇာတ်ဝင်ခန်း တစ်ချို့ကိုတော့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ဒါ့အပြင် ဇာတ်ဆောင် နာအယ်ရာ ကို sly and cunning lady အဖြစ်ပုံဖော်ထားသော်လည်း အပြစ်ကင်းပြီး ချစ်စရာကောင်းနေတာ ကို တွေ့မြင်ရမှာပါ။