Movie Name
Hello, The Sharpshooter (2021) (ကျွန်မဘဝရဲ့ငယ်ချစ်ဦးလေး)
Year
2021
Generes
Drama, Romance
Code
SC0497
Type
Series
Size
12.3 GB
Country
China
Description
1-40 Complete ဒီတစ်ခါ ဇာတ်ကားလေးကတော့ ခေတ်လူငယ် အချစ်ကားလေးဖြစ်တဲ့ Hello, the Sharpshooterပဲဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင်တော့ A Love So Beautiful ထဲက မင်းသားချောလေး Hu Yi Tian က သေနတ်ပစ်ကစားသမားလေး (ရှန်ချင်းယွမ်)အဖြစ် Put Your Head On My Shoulder ထဲက မင်းသမီးချောလေး Xing Fei က ရုပ်သံလွှင့်ဌာနမှ သတင်းထောက်မလေး (ထန်ရှင်း) အဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အမျိုးသားအားကစားပြိုင်ပွဲမှာ ရုပ်သံလွှင့်ဌာန Sports Channelမှ အလုပ်သင်သတင်းထောက်မလေး ထန်ရှင်းက ပစ္စတိုသေနတ်ပစ်ပြိုင်ပွဲချန်ပီယံကို အင်တာဗျူးဖို့ တာဝန်ပေးခံရတယ်။ အင်တာဗျူးဖို့ လုပ်တဲ့အချိန်မှာ တစ်ဖက်သူက လွန်ခဲ့တဲ့ ၄နှစ်တုန်းက ထန်ရှင်း တိတ်တခိုးသဘောကျခဲ့တဲ့ ရှန်ချင်းယွမ်ဖြစ်နေတယ်။ ဒါပေမဲ့လည်း ထန်ရှင်းက အင်တာဗျူးတဲ့အခါ ရှန်ချင်းယွမ်ရဲ့ အေးတိအေးစက် တုံ့ပြန်မှုတွေကြောင့် ထိတ်လန့်သွားပြီး စကားထစ်သွားတာကြောင့် အလုပ်ပြုတ်လုနီးပါးဖြစ်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့ အိုလံပစ်ရွေးချယ်ပွဲကို ဦးတည်ပြီး ကြိုးစားပြင်ဆင်နေတဲ့ သေနတ်ပစ်အဖွဲ့ရဲ့ နေ့စဉ်မှတ်တမ်းကို ရိုက်ကူးဖို့ဖြစ်လာတဲ့အခါမှာတော့ ရှန်ချင်းယွမ်နဲ့ ထန်ရှင်းတို့ တဖြည့်ဖြည်းနီးကပ်လာပြီး ရှန်ချင်းယွမ်လည်း ထန်ရှင်းအပေါ် အာရုံစိုက်မိလာတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ အဟန့်အတားတွေရှိရှိ မဆုပ်မနစ်ကြိုးစားတဲ့ အားကစားသမားတွေရဲ့ စိတ်ဓာတ် ၊ သေနတ်ပစ်အားသစားရဲ့ ရင်ခုန်စရာ အခိုက်အတန့်လေးတွေနဲ့ အချိန်တွေကြာလာတာနဲ့အမျှ ရှန်ချင်းယွမ်နဲ့ ထန်ရှင်းတို့ တစ်ယောက်နဲ့တစ်ယောက် အိမ်မက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ CMကနေ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~