-
Movie Name
-
I Am What I Am (ဆူးခင်းလမ်းက ခြင်္သေ့သူရဲကောင်းလေး )(2022)
-
Year
-
2022
-
Generes
-
Action, Animation
-
Code
-
AN0449
-
Type
-
Movie
-
Size
-
888 MB
-
Country
-
China
-
Description
-
ဇာတ်လမ်းအကျဉ်း
ဒီတစ်ခေါက်မှာတော့ အခက်အခဲပေါင်းများစွာရဲ့နောက်ကွယ်က ခြင်္သေ့အကကသူ အားကျွမ်း အားမောင်း အားကိုတို့ရဲ့ဘဝအခြေအနေအရပ်ရပ်ကိုပုံဖော်ရိုက်ကူးထားတဲ့အန်နီမေးရှင်းကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်
အမြဲ အထင်သေးအနိုင်ကျင့်ခံရတဲ့ ဆက်ကျော်သက်ကောင်လေးသုံးယောက် မမျှော်လင့်ဘဲ သူတို့အိမ်မက်တွေဖြစ်တဲ့ ခင်္သြေ့အကကတဲ့လမ်းကြောင်းပေါ်ရောက်လာခဲ့ကြတဲ့အခါ ~
ဆရာဖြစ်သူ ရှန်ယွီချန်ရဲ့လေ့ကျင့်ပေးမှုအောက်မှာ အခက်အခဲတွေထစ်ငေါ့မှုတွေနဲ့လေ့ကျင့်ကြပြီးနောက်ဆုံး သူတို့ရဲ့သွေးသားထဲမှာ ဒီခင်္သြေ့အကကရတဲ့အနှစ်သာရကိန်းအောင်းလာတဲ့အခါမှာတော့ ~
အားကျွမ်းဟာသူ့သူငယ်ချင်း အားမောင်း အားကို တို့နဲ့ အတူခင်္သြေ့အသင်းကိုဖွဲ့စည်းလိုက်ပါတော့တယ် အရင်ကသူများတွေရဲ့အနိုင်ကျင့်ခံရပြီးရည်မှန်းချက်ပျောက်ဆုံးနေတဲ့အားကျွမ်းဟာ သူရဲ့သူငယ်ချင်းတွေအကူအညီနဲ့ပဲ ယုံကြည်မှုတွေကိုပြန်ရှာတွေ့လာပါတော့တယ်
ဒါပေမဲ့ အားကျွမ်းရဲ့ဘဝကံကြမ္မာလေးက ကံမကောင်းရှာပါဘူး သူဟာ သူ့အိမ်မက်ထက် မိသားစုရဲ့ဝမ်းရေးကို ပိုအရေးပေးခဲ့ရတာမို့ အိမ်မက်ကိုလက်လျှော့ကာ အပင်ပန်းခံ အနိမ့်ကျခံပြီး ရသမျှငွေကို စုဆောင်းပြီး မိသားစုကိုထောက်ပံ့နေခဲ့ရပါတယ်
ဆင်းရဲလှတဲ့သူ့ဘဝကံကြမ္မာ နဲ့ အောင်မြင်မှုဆီအရောက်လှမ်းချင်ခဲ့တဲ့သူ့အိမ်မက်
အားကျွမ်းနဲ့ သူတို့ သူငယ်ချင်းသုံးယောက်အတူတူ အခက်အခဲတွေကိုကျော်လွှားပြီးရည်မှန်းချက်တွေဆီအတူလျှောက်လှမ်းနိုင်ကြမလားဆိုတာကိုရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုကြရမှာပါ
ဒီရုပ်ရှင်ကားလေးက မထုတ်လွှင့်ခင်မှာပဲ ရုပ်ပုံပုံဖော်မှုအားကောင်းသည့်အပြင် ဇာတ်အိမ်ကောင်းမွန်ပြီး တရုတ်ရိုးရာခင်္သြေ့အကကိုရိုက်ကူးပုံဖော်ထားတဲ့အတွက်လည်း စောင့်မျှော်ကြည့်ရှုကြတဲ့ပရိတ်သတ်အများအပြားရှိနေတဲ့ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်
လက်လွှတ်မခံသင့်တဲ့ကားလေးမို့ ကြည့်ပြီးရင် နောင်တမရစေရဘူးနော်