Movie Name
The Adam Project (2022)
Year
2022
Generes
Action, Adventure
Code
EN0996
Type
Movie
Size
1.49 GB
Country
Hollywood
Description
The Adam Project (2022) ကိုဓါတ်ဘူးရဲ့ ဒီ​နေ့ထွက် Neflix ဇတ်ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါပြီ။ The Adam’s Project လို့အမည်ရတဲ့ ဒီကားဟာ Sci-fic / Adventrue genreဖြစ်ပြီး ကနဦး IMDb 8.7, RottenTomatoes 70%နဲ့ Metacritic 56% ရရှိထားပါတယ်။ Cast ​တွေက​တော့ Marvel ဇာတ်​ကောင်​တွေကိုပဲ ​ရွေး​ခေါ်ထားသလားမှတ်ရ​အောင်ပဲ Ryan Reynolds (Deadpool), Mark Ruffalo (Hulk), Zoe Saldaña (Gamora)နဲ့ Jennifer Garner (Elektra)တို့ ပါဝင်အားဖြည့်ထားပါတယ်။ အနာဂတ်ကာလက Adam Reed ဟာ အတိတ်ကာလ 2018 ကို မစ်ရှင်တစ်ခုအတွက် ပြန်လာဖို့ကြိုးစားရင်း ဒဏ်ရာအပြင်းအထန်ရကာ 2022ခုနှစ်ကို အချိန်မှားပြီး ခုန်ကူးလိုက်ပါတယ်။ 2022 မှာ သူ့ရဲ့အတိတ်က Adam Reed နဲ့ ပြန်ဆုံခဲ့ပါတယ်။ အနာဂတ် Adam တစ်​ယောက် အတိတ်Adam နဲ့တူတူ မူရင်းမစ်ရှင်ဖြစ်တဲ့ 2018 ကို ပြန်သွားဖို့ကြိုးစားရင်း ကြုံ​တွေ့ရမယ့် စွန့်စားခန်း​တွေနဲ့ အလွဲအ​ချော်​တွေကို ကြည့်ရှုရမှာပါ။ တစ်ခုထူးခြားတာက ဒီကားမှာ ပါဝင်ထားတဲ့ Ryan Reynolds ရဲ့ ဇာတ်​ကောင်က သူ့ရဲ့မူရင်းစတိုင်နဲ့ ကွဲထွက်ပြီး ​ပိုပြီး​လေးနက်တဲ့၊ ရင့်ကျက်တဲ့ Ryan Reynoldsပုံစံဖြစ်​နေတာပါ။ သူ့ရဲ့မူရင်းပုံစံ ရွှတ်​နောက်​နောက်၊ ပြောင်​ချော်ချော်၊ ပါးစပ်စည်းမ​စောင့်တဲ့ လူငယ်ပုံစံကို Girl in the Basement နဲ့ Thunder Force ထဲက က​လေးသရုပ်​ဆောင် Braxton Bjerkenက အ​ကောင်းဆုံး သရုပ်​ဆောင် ထားပါတယ်။ ဘယ်​တော့မှ မျက်နှာပိုးမ​သေတဲ့ Ryan ကြီးက သူ့ရဲ့အချိုးမ​ပြေတဲ့ ငယ်ဘဝကို ပြန်ထိန်း​နေတာကို ကြည့်ရတာ တစ်မျိုးကြည့်​ကောင်းသလို သူ့ရဲ့သရုပ်​​ဆောင်စွမ်းရည် မ​ခေ​ကြောင်း ပြသထားတဲ့ ဇာတ်ကားပါပဲ