Movie Name
City Of Streamer (အလင်းမဲ့မြို့ )(2022)
Year
2022
Generes
Drama, Romance, Thriller
Code
SC0498
Type
Series
Size
15 GB
Country
China
Description
complete 1-50 မကြာသေးခင်က လက်ထပ်လိုက်ပြီဖြစ်Addicted ဆိုတဲ့BLကားကိုရိုက်ဖူးခဲ့ပြီး Timmy Xu ရဲ့ဇာတ်ကားလေး ဇာတ်လမ်းကိုတော့ "City Of Streamer"[အလင်းမဲ့မြို့]လို့အမည်ပေးထားပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀ရာစုခေတ်ကိုဇာတ်အိမ်တည်ထားပါတယ် ဇာတ်ကြောင်းကတော့.... ၂၀ရာစုခေတ်၊ရှန့်ဟိုင်ကမ်းခြေဒေသတွေမှာ စစ်ဘုရင်တွေက သူတို့ရဲ့အာဏာကိုသိမ်းယူတဲ့အခါမှာ သူရဲကောင်းများစွာပေါ်ထွက်လာခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေ စတင်မြင့်တက်လာခဲ့တယ် သြဇာအာဏာရှိတဲ့ရုံမိသားစုက ပြစ်မှုအမျိုးမျိုးကိုကျူးလွန်ဖို့ သူတို့ရဲ့စည်းစိမ်တွေကိုအသုံးချပြီး အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြတယ် တရားမျှတမှုကိုထိန်းသိမ်းဖို့အတွက် မိန်းမလှလေး ဖန်းရှစ်ကျန်းက ကလဲ့စားချေမယ့်လမ်းခရီးကိုစတင်ခဲ့တယ် ရုံမိသားစုထဲကို အောင်မြင်စွာခိုးဝင်နိုင်ခဲ့ပြီး ရုံမိသားစုရဲ့သခင်လေးရုံကျားရှန့်ရဲ့ ကျူရှင်ဆရာမဖြစ်လာခဲ့တယ် သို့ပေမဲ့လည်း အချင်းချင်းစမ်းသပ်မှု၊အသုံးချမှုတွေကြားမှာ ဖန်းရှစ်ကျန်းက သူ(မ)ဟာ ရန်သူရဲ့သားအပေါ်မှာ ချစ်မြတ်နိုးမိနေပြီဆိုတာကို တဖြည်းဖြည်းသိရှိလာခဲ့တယ် လွန်ခဲ့တဲ့နှစ်၂၀ခန့်က ဖြစ်ပျက်ခဲ့တဲ့မတရားမှုတွေအတွက် မတူညီတဲ့နယ်ပယ်မှာနေထိုင်ကြတဲ့ ချစ်သူနှစ်ဦးက အတားအဆီးတွေ၊အခက်အခဲတွေကိုကျော်ဖြတ်ပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာ Jing Tian,Timmy Xu,Jing Chao,Hai Lingတို့က main roleအဖြစ် ပါဝင်ထားကြပါတယ်