-
Movie Name
-
Reset (သံသရာစက်ကွင်း) (2022)
-
Year
-
2022
-
Generes
-
Fantasy, Thriller
-
Code
-
SC0499
-
Type
-
Series
-
Size
-
4.77 GB
-
Country
-
China
-
Description
-
1-15complete
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့
2022 ထွက်seriesအသစ်စက်စက်ဖြစ်တဲ့ *Reset သံသရာစက်ကွင်း*ဆိုတဲ့ကားလေးပါ... လျှိဝှက်ဆန်းကြယ်ဇာတ်လမ်းအမျိုးအစားထဲက အချိန်စက်ဝန်းသံသရာလည်နေတဲ့ဇာတ်လမ်းပုံစံအဆန်းလေးပါ
ဒီကားလေးထဲမှာ မင်းသားချောလေး BaiJingTing (XiaoBai) နဲ့ ချစ်စရာကောင်းတဲ့ 02bornမင်းသမီးလေး ZhaoJinMai (Angel )တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
Game ရေးဆွဲသူ ( ရှောင်းဟယ့်ယွင်နဲ့ ကျောင်းသူလေးလီရှီးချင်တို စီးနင်းလိုက်ပါလာတဲ့ အမှတ် ၄၅ ဘတ်စ်ကားဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ကားတစ်စီးလုံးအသက်ရှင်ကျန်ရစ်သူလုံးဝမရှိနိုင်တဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်စဉ်မှာ ထူးဆန်းစွာနဲ့သူတိုဟာပြန်လည်အသက်ရှင်လာခဲ့ကြပါတယ်။ကားပေါက်ကွဲမှုဖြစ်တဲ့ အချိန်အခိုက်အတန့်လေးဟာ အချိန်စက်ဝန်းသံသရာလည်ခြင်းဖြစ်ပေါ်ပြီး ကားပေါ်ကသူတွေဟာ သေခြင်းရှင်ခြင်းကို ကြိမ်ဖန်များစွာထပ်ခါတလဲလဲကြုံလာရတာပါ...
ဆိုတော့ကား... ဒီဖြစ်စဉ်ကို ရှောင်ဟယ့်ယွင်နဲ့ လီရှီးချင်တိုမှာ ဘယ်သူကအရင်သတိထားမိပြီး သူတိုနှစ်ယောက်အတူ ဘယ်လိုမျိုးပူးပေါင်းမိသွားပြီး သူတိုကိုယ်သူတိုဘယ်လိုကယ်တင်ကြမလဲ ကားပေါ်မှာပါလာတဲ့အခြားသူတွေကိုရော အားလုံးကိုကယ်တင်နိုင်ဖို ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ...
သေရေးရှင်ရေးနဲ့ကြုံလာချိန် ကားပေါ်မှာပါလာတဲ့ လူအမျိုးမျိုးရဲ့ ဘဝခံယူချက်အမျိုးမျိုး အခက်အခဲအမျိုးမျိုး ရှင်သန်ဖိုအတွက်အကြောင်းအရင်းအမျိုးမျိုးနဲ့ စရိုက်အမျိုးမျိုးကိုလည်း မြင်တွေ့ခံစားရမှာပါ အတွေ့အကြုံတွေက လူတွေကိုတကယ်ပဲရင့်ကျက်သွားစေနိုင်သလား သူတိုတွေပေါက်ကွဲမှုကိုတားမြစ်နိုင်ပြီး အချိန်စက်ဝန်းကိုချိုးဖောက်နိုင်မလားဆိုတာကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်