Movie Name
Shining For One Thing (သံသရာအဆုံးမှစတည်၍) (2022)
Year
2022
Generes
Fantasy, Romance
Code
SC0501
Type
Series
Size
7.92 GB
Country
China
Description
Episode s 1 to 24 End "ချစ်ခြင်းမှသည် ထာဝရနောင်တတရားအဖြစ် ပြောင်းလဲသွားတဲ့ ချစ်ခြင်းတစ်မျိုးရှိပါသလား" ဒီနေ့Soulerလေးတို့ဆီ သယ်ဆောင်လာပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ "Shining for one thing ( သံသရာအဆုံးမှ စတည်၍) ဆိုတဲ့Youth fantasy dramaလေးပဲဖြစ်ပါတယ် ချစ်ရသူရဲ့နောက်ကွယ်ကနေပဲ အမြဲတိတ်တဆိတ်ကာကွယ်ပေးပြီး ချစ်ရသူအတွက်ပဲ သေဆုံးခဲ့ရတဲ့ကောင်လေး ကျန်းဝမ့်စန်း.... သူ့ရဲ့ဘဝတစ်ခုလုံးလိုတန်ဖိုးထားခဲ့ရတဲ့ ချစ်သူရဲ့သစ္စာဖောက်မှုကြောင့် အမှတ်တရတွေအကုန်ဖျက်သိမ်းရင်းမှ အစကနေပြန်စတင်ဖို့ အခွင့်အရေးရခဲ့တဲ့ မိန်းကလေး လင်ပေရှင်း... အသက်သုံးဆယ်အရွယ်ဝင်လုစ မိန်းကလေးလင်ပေရှင်းဟာ ချစ်ရသူကျန်ယွီရဲ့သစ္စာဖောက်မှုကြောင့် သူ့ရဲ့နေ့စဉ်ဘဝနဲ့အလုပ်အကိုင်အကုန်လုံးဟာ ကမောက်ကမဖြစ်ခဲ့ရတယ် ဒီလိုနဲ့သူဟာ ချစ်ရသူရဲ့အမှတ်တရတွေကို ဖျက်ဆီးရင်းမှ ဖုန်းဟောင်းထဲကမတ်ဆေ့ခ်ျကိုဖျက်မိရင်း အသက်၁၈နှစ်အရွယ်ကို ပြန်ရောက်သွားခဲ့တယ် ရတဲ့အခွင့်အရေးကိုအရယူပြီး ချစ်သူဟောင်းကိုကန်ထုတ်နိုင်ဖို့ အိပ်မက်ဆိုးတစ်ခုဆန်တဲ့ အထက်တန်းတတိယနှစ်ကိုဖြတ်ကျော်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုပြန်ဖြေပြီး မတူတဲ့တက္ကသိုလ်အသစ်ကို တက်ဖို့ကြံစည်ခဲ့ပါတယ် သို့ပေမဲ့ သူရဲ့အချိန်ခရီးသွားတဲ့ခရီးစဉ်ဟာ ကျန်းဝမ့်စန်းရဲ့မတော်တဆမှုကြောင့်နဲ့ အပြီးတိုင်ရပ်တန့်သွားခဲ့တဲ့အခါ... ကျန်းဝမ့်စန်းရဲ့သေဆုံးမှုနောက်ကွယ်က အဖြစ်မှန်ကိုဖော်ထုတ်နိုင်ပြီး ကျန်းဝမ့်စန်းကို သူကယ်တင်နိုင်မလား.... သူတစ်ချိန်က သတိမမူမိခဲ့အလှတရားတွေကြားက သူ့ရဲ့နောက်မှာအမြဲရှိနေခဲ့တဲ့ တစ်ယောက်သောသူကို သူသတိပြုမိသွားမလား.... လူငယ်ဘဝရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ပူလောင်မှုရသတွေအကုန်ပေါင်းစပ်ပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ဇာတ်လမ်းအလှည့်အပြောင်းနဲ့ ကြည့်ရှုသူအကုန်လုံးကို မငြီးမငွေ့စေအောင်ဆွဲဆောင်သွားမဲ့ ဒီလှပလွန်းတဲ့ဇာတ်လမ်းလေးကို အတူ လိုက်ပါစီးမျောခံစားဖို့ အကုန်လုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော် Zhang Wan Sanအဖြစ် Qu Chu Xiao Lin Bei Xingအဖြစ် Zhang Jia Ning Zhan Yuအဖြစ်Caesar Wu စတဲ့သရုပ်ဆောင်ကောင်းမြောက်မြားစွာက ပါဝင်သရုပ်ဆောင်ထားလို့ လက်လွတ်မခံသင့်တဲ့ကားလေးဆိုလည်း မမှားပါဘူးနော်