-
Movie Name
-
Come Back Mister (2016)
-
Year
-
2016
-
Generes
-
Comedy, Drama, Fantasy
-
Code
-
SKR0251
-
Type
-
Series
-
Size
-
951 MB
-
Country
-
Korea
-
Description
-
ဒီစီးရီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Rain, Oh Yeon-Seo , Lee Min-Jung တို့ဦးဆောင်ပါဝင်ထားပါတယ်… တခြားစီးရီးတွေနဲ့မတူတာကတော့ ဒီစီးရီးလေးရဲ့အစပိုင်းမှာ လုပ်ငန်းခွင်စိတ်ဖိစီးမှု့တွေကြောင့် နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သလိုဖြစ်သွားတဲ့ ယောကျာၤးတစ်ယောက်နဲ့ ချစ်သူရဲ့ပစ်ခွာမှု့တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ယောကျာၤးတစ်ယောက်တို့ရဲ့ သေဆုံးခြင်းနဲ့အတူစတင်ထားပါတယ်… သူတို့နှစ်ယောက်ဟာသေဆုံးပြီးတဲ့အချိန်မှာ ကောင်းကင်ဘုံကိုသွားလို့ရပေမယ့်လည်း တစ်ယောက်ကသူချစ်တဲ့ မိန်းမနဲ့သမီးလေးရဲ့စိတ်နဲ့ လူ့ပြည်ကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်… နောက်တစ်ယောက်ကလည်း သူချစ်တဲ ချစ်သူကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ လူ့ပြည်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်.. ဒါပေမယ့် သူတို့ဟာ သေဆုံးပြီးသားလူတွေဖြစ်လို့ သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပြန်လာလို့မရတော့ပါဘူး.. ဒါကြောင့် သူတို့နဲ့သင်တော်မယ့်လူတွေရဲ့ ပုံစံကိုယူပြီးမှ ပြန်လာခဲ့ရပါတယ်… ဒါကြောင့် အဲဒီယောကျာၤးနှစ်ယောက်မှာ တစ်ယောက်က ယောကျာၤးပီသတဲ့စော်ကြည်ဘဲ ကိုယ်ခန္ဓာကိုရပြီးတော့ နောက်တစ်ယောက်က ခပ်လန်းလန်းစော်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုရလိုက်ပါတယ်.. ဒါကလည်း ဇာတ်လမ်းကို တကယ်အသက်ဝင်စေတဲ့ အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး… သူတို့နှစ်ယောက်ရဲ့ကမောက်ကမအလွဲတွေနဲ့ရယ်ရစေသလို ကောင်းမွန်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု့တွေကြောင့် ဝမ်းနည်းစရာလည်းကောင်းပါတယ်… ကြည့်ပြီးတဲ့သူများရှိကြသလို မကြည့်ရသေးတဲ့လူများလည်း Quality ကောင်းကောင်းနဲ့ကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်….