Movie Name
Love Foever After (2022) (သေမင်းနှင့်ချစ်သူသရဲမလေး)
Year
2022
Generes
Comedy, Romance
Code
ST0495
Type
Series
Size
13.4 GB
Country
Thai
Description
1-30 Complete Ch3 ကနေထပ်မံထွက်ရှ်လာတဲ့ကားသစ်လေးကို ဘာသာပြန်တင်ဆက်ပေး လိုက်ပါတယ်။ မင်းသားကတော့ အားလုံးသိပြီးသားဖြစ်တဲ့ "လျှိဝှက်အိမ်ဖော်မလေး" ထဲက August Vachiravit ပဲဖြစ်ပါတယ်။ လူကြိုက်များတဲ့ဇာတ်လမ်း‌တော်တော်များရဲ့ နောက်ဆုံးပိုင်းတွေက Happy Ending ပဲဖြစ်ကြပေမယ့် ဒီဇာတ်ညွှန်းဆရာမလေး သိုဟွာလေ့ကတော့ သူ့ရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ မင်းသမီးကို အမြဲသေခိုင်းလေ့ရှိတယ် ... သူ့ရဲ့ ဆန်းသစ်လှတဲ့ဇာတ်ညွှန်းတွေ စိတ်ကူးတွေကြောင့် အကောင်းဆုံး ဇာတ်ညွှန်းဆရာဆုကို ရရှိစေခဲ့ပြီးတော့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာစေခဲ့တာပေါ့ ... ဒါပေမယ့် သူ့ရဲ့ စိတ်ကူးယဉ်မှုတွေ အကြံအစည်များလွန်းတာတွေကြောင့်ပဲ သူ့ရဲ့ ကောင်လေးဖြစ်တဲ့ ထမ်ထမ်ရဲ့လမ်းခွဲစကားပြောခံလိုက်ရပါတယ် ... သိုဟွာလေ့ဟာ သူမကိုတစ်ပါးသူက ဝေဖန်တာတွေ အကျပ်ကိုင်တာတွေ ကို အလေးမထားတတ်တဲ့အကျင့်ရှိသူတစ်ဦးပါ ... ဒီအရာကို သူ့ကောင်လေးက မခံနိုင်တဲ့အဆုံးလမ်းခွဲမယ်လို ပြောပေမယ့် သိုဟွာလေ့ဟာ သူ့ကို လမ်းခွဲရင် သူဓာတ်မတည့်တဲ့ ပုဇွန်ကို စားပြီး အသေခံပြမယ်လို စပြောလာခဲ့ပါတယ် ... ဒါပေမယ် တစ်ကယ်မစားပဲ လိမ်ပြောတာကို ဖမ်းမိသွားတော့ သူ့ကောင်လေးက တစ်ခါတည်း ထွက်သွားပါတော့တယ် ... အဲ့မှာပဲ စိတ်ညစ်ညစ်နဲ့ သိုဟွာလေ့တစ်ယောက် ပုဇွန်တစ်ကယ်စားမိပြီးဒုက္ခရောက်လို ထမ်ထမ့်ကို အကူညီတောင်းပေမယ့် ဟိုကလုံးဝအယုံကြည်မရှိတော့ပါဘူး ... ဆေးရုံရောက်သွားပြီး တစ်ခါတည်း ဝိဉာဉ်ဘဝကိုရောက်သွားပါတော့တယ် ... အဲ့နောက်တော့ သေမင်း‌တစ်ပါးနဲ့ ဆုံလာပြီး ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖိုအတွက် လမ်းစရှာရင်း သိုဟွာလေ့တစ်ယောက် တစ်ကယ်ပဲသေသွား‌တော့မှာလား ... ? ထမ်ထမ်ကရော ရည်းစားအသစ်ထား ပြီး သိုဟွာလေ့ကို မေ့ပစ်လိုက်တော့ မှာလား ... ? သိုဟွာလေ့နဲ့ သေမင်းတိုဘယ်လိုရှေ့ဆက်ကြမလဲ ... ?