Movie Name
Modern Marriage (2022)
Year
2022
Generes
Drama, Romance
Code
SC0502
Type
Series
Size
9.29 GB
Country
China
Description
1-38 Complete Modern Marriage ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးဇာတ်ကားလေးဖြစ်တဲ့ Mordern Marriage ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Love Actually ဇာတ်ကားထဲက မင်းသား Tong Da Wei နဲ့ Monster Hunt 1, 2 ဇာတ်ကားထဲမင်းသမီး Bai Bai Heတို့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ လင်မယားတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာလေးကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် နာမည်ကြီး တက္ကသိုလ်ကနေဘွဲ့ရထားတဲ့ Shen Huixing (Bai Baihe) က လက်ထပ်ပြီးနောက်မှာအိမ်မက်တွေနုပျိုမှုတွေကိုစွန့်လွှတ်ပြီး မိသားစုအတွက်အချိန်ပြည့်ပေးဆပ်တဲ့မိန်းမသားတစ်ယောက်။ ယောက်ျားဖြစ်သူ Shen Jiang Chuan (Tong Da Wei) ကတော့ အလုပ်နဲ့ပဲ အချိန်ကုန်ဆုံးပြီးဇနီးနဲ့သမီးအပေါ်အချိန်မပေးနိုင်တော့ ရှိသမျှအိမ်မှုကိစ္စတွေအကုန် Shen Huixing ကဘဲတာဝန်ယူနေရတာပေါ့။ သမီးလေးကြီးပြင်းလာတဲ့အချိန်မှာ Shen HuiXing က အလုပ်လုပ်ဖို့အတွက်အချိန်တန်ပြီလို့ထင်ခဲ့တယ်။ ဒါပေမဲ့ခင်ပွန်းဖြစ်သူ Shen Jiang Chuan တာဝန်ယူရတဲ့ကုမ္ပဏီနဲ့ ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်။ Shen Huixing ကတော့ခင်ပွန်းဖြစ်သူ Shen Jiang Chuan ကို အိမ်မှုကိစ္စတာဝန်ကိုခွဲဝေပေးချင်တယ်။ ဒါပေမဲ့ နှစ်ယောက်ကြားပဋိပက္ခဖြစ်ပြီးကွာရှင်းတဲ့အထိဦးတည်လာခဲ့တယ် နောက်တော့ Shen Huixing ကသူမဖြစ်ချင်တဲ့အိပ်မက်ကို တစ်စတစ်စအကောင်အထည်ဖော်ရင်းတစ်ဖက်မှာလည်း Shen Jiang Chuanကဇနီးတစ်ယောက်ရဲ့ပေးဆပ်မှုကိုနားလည်လာပြီး နှစ်ယောက်သားတစ်ချိန်တုန်းကအချစ်တွေကို ပြန်လည်ခံစားမိလာတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ ဒီတော့မိန်းမတစ်ယောက်ရဲ့မိသားစုအပေါ်ပေးဆပ်မှုတွေကဘယ်လောက်တောင်ကြီးမားလဲ။ အရင်တုန်းကကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကြောင့်ကွာရှင်းမှုဖြစ်လာတာကို ဘယ်လိုပြန်ပေါင်းစည်းကြမလဲ ဆိုတာကို CM ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် Modern Marriage ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~