Movie Name
My Wonderful Life (2021)
Year
2021
Generes
Comedy, Drama, Romance
Code
EN1004
Type
Movie
Size
539 MB
Country
Hollywood
Description
IMDb Rating – 5.8/10 အိမ်​ထောင်​ရေးနဲ့ မိသားစုတာဝန်​တွေကြား နစ်မွန်း​နေတဲ့မိန်းမတစ်​ယောက် စိတ်ထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိ​နေတဲ့ အိမ်​ထောင်သည်အမျိုးသမီးတစ်ဦးပါ။ – အယ်ဇိုင်းမား​ရောဂါခံစား​နေရတဲ့မိခင် – မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလို​နေတဲ့​ယောကျ်ား – အိမ်​ထောင်သည်ဖြစ်​နေ​ပေမယ့် အစွမ်းအစမရှိတာ​ကြောင့် အရာရာ​ထောက်ပံ့​​နေရတဲ့သားကြီးနဲ့ ​- အကူအညီမရတဲ့သားငယ်တို့​ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာ​တွေနဲ့ပြည့်နှက်လို့​နေပါတယ်။ ဒီလိုဘဝထဲက ​ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုး​ဖောက်မိချိန် မှာ​​တော့ ထိုအပြစ်​တွေက ဂျိုအန်နာရဲ့​နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်း​​​​ခြောက်လို့​ နေပါ​တော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်​တွေက ဘာ​တွေဖြစ်မလဲ သူ့​နောက်ကို လိုက်​နေတဲ့ ခြိမ်း​​ခြောက်စာရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိမလဲ။ သူ့ရဲ့က​မောက်ကမ ဖြစ်​နေတဲ့ဘဝက​ရော ဘယ်လို​တွေဆက်ဖြစ်မှာလဲ ဆိုတာကို​တော့ ဒီဇာတ်လမ်း​လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။