-
Movie Name
-
Ruen Sai Sawart (အမုန်းအသင်္ချေ )(2020)
-
Year
-
2020
-
Generes
-
Drama
-
Code
-
ST0496
-
Type
-
Series
-
Size
-
14.3 GB
-
Country
-
Thai
-
Description
-
ဇာတ်လမ်းအကျဉ်း
ဖယောင်းဆိုတဲ့ မိန်းကလေးဟာ သခင်
တစ်ယောက်ရဲ့အိမ်မှာ အခိုင်းအစေဖြစ်ပြီး သူမမှာ ဖိကွန်းဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ် ....
တစ်နေ့မှာ ဖယောင်းအလုပ်လုပ်တဲ့အိမ်တော်သို့ သခင်ကြီး ရာထူးရှိသူ ဖိထပ်အာခလာဆိုသူက အလည်လာရင်း ဖယောင်းကိုမြင်မြင်ချင်းစွဲလမ်းသွားပြီး လိုချင်တပ်မက်တဲ့ စိတ်တွေပြင်းထန်လာခဲ့တယ် ....
ဖယောင်းမှာကလဲ ချစ်ရတဲ့သူရှိနေပြီး
လူကြီးမင်း ဖိထပ်အာခလာကလဲ လိုချင်တဲ့အရာကို မရရအောင် ယူတတ်တဲ့လူစားမျိုး ....
ဖယောင်းရဲ့ သခင်တွေက သူတို့ကိုယ်ကျိုးအတွက် ဖယောင်းကို လူကြီးမင်းဖိထပ်အာခလာနဲ့ပေးစားဖို့ ကြံစည်ခဲ့ပါတော့တယ် ....
ဖယောင်းတစ်ယောက် တစ်ဘဝလုံးဘယ်သူ့မယားငယ်မှ အဖြစ်မခံဘူးလို့ဆုံးဖြတ်ထားပေမယ့်လည်း အမေဖြစ်သူကသွေးတွေအန်ပြီးအပြင်းအထန် နေမကောင်းဖြစ်နေတာကြောင့် ဆေးကုသဖို့ ငွေမရှိတဲ့အဆုံး သူများမယားငယ်ဖြစ်သွားရှာတယ် ....
ဒီလိုနဲ့ ဖယောင်းတို့ တစ်မိသားစုလုံးကို
သခင်ကြီးက စံအိမ်အနောက်ဘက်က မြစ်ကမ်းနားကအိမ်ငယ်လေးမှာ နေစေခဲ့တယ် ....
လူကြီးမင်းရဲ့ မယားကြီးဖြစ်သူကတော့ အလွန်ကျက်သရေရှိလှပပြီးတော်ဝင်မိသားစုကဆင်းသက်လာသူတစ်ဦး
ဘယ်လောက်ပင် ကြိုးစားကြိုးစား
ကလေးမရနိုင်တဲ့အတွက် သူ့ယောင်္ကျားမှာမယားငယ်ရှိလာပြီး မယားငယ်နဲ့ကလေးတွေရလာမှာကို အမြဲထိတ်လန့်နေသူတစ်ဦးပေါ့ ....
ဒီလိုနဲ့ သခင်ကြီးမှာမယားငယ်ရှိပြီးမယားငယ်က ကိုယ်ဝန်ရှိနေတယ်ဆိိုတာလည်းသိရော မခံနိုင်မရက်နိုင်ဖြစ်ကာ ဖယောင်းကို နည်းပေါင်းစုံနဲ့ နှိပ်စက်ပါတော့တယ် ....
တစ်နေ့ မယားကြီးက ဖယောင်းတို့အိမ်ကိုသွားပြီး ပြဿနာရှာတဲ့ချိန်မတော်တဆနဲ့ အိမ်မီးလောင်သွားခဲ့တယ် ....
ဖယောင်းရဲ့မိဘတွေ မီးထဲမှာဆုံးပါးသွားခဲ့ပြီး ဒီဖြစ်ရပ်ဆိုးကြီးကိုလက်မခံနိုင်တဲ့ ဖယောင်းလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ် ....
အစ်မဖြစ်သူဆုံးသွားတော့ ဖိကွန်းလည်း
စံအိမ်ကနေ နှင်ချခံရပြီးရွာမှာပြောင်းနေခဲ့တယ် ....
ကိုယ့်မျက်စိရှေ့မှာ မိဘနှစ်ပါးနဲ့ အစ်မ
ဖြစ်သူ သေဆုံးသွားတာကြောင့် အလွန်
နာကျည်းပြီး အရွယ်ရောက်လာတော့
စံအိမ်တော်ကိုပြန်လာပြီးရန်ငြိုးမီးတွေနဲ့ဘယ်လို ရက်ရက်စက်စက် ကလဲ့စားချေမလဲဆိုတာကို ဒီဇာတ်လမ်းတွဲကြီးထဲကြည့်ရှုလိုက်ကြရအောင် ....