Movie Name
Suspicion (2022)
Year
2022
Generes
Drama
Code
SE0209
Type
Series
Size
5.32 GB
Country
Hollywood
Description
1-8 Complete Suspicion (2022) Cast အ​ကောင်းစား​ Budgetများများနဲ့ ဇာတ်လမ်းဇာတ်အိမ်​အကောင်း​စား​တွေပဲ သီးသန့်ရိုက်ကူးထုတ်လွှင့်တဲ့ Apple TV+ ရဲ့ ​နောက်ထပ် Crime , Drama seriesတစ်ခု ထွက်လာပါပြီ Cast ​တွေက​တော့ အားလုံးသိကြတဲ့ – Kill Bill နဲ့ Pulp Fiction မင်းသမီးကြီး Uma Thurman – Big Bang Theoryထဲက Kunal Nayyar, – Agents of S.H.I.E.LD ထဲက Elizabeth Henstridge တို့လို အမိုက်စား​တွေပဲ ပါဝင်ထားတာဖြစ်ပါတယ် နယူး​ယောက်မြို့က ​​​ကြေးရတတ်လုပ်ငန်းရှင်ကြီး ကတ်သရင်း နယူးမန်းရဲ့သား လီယိုနယူးမန်းကို နယူး​ယောက်မြို့လယ်​ခေါင် ဟိုတယ်ကြီးတစ်ခုထဲမှာ လူ၄​ယောက်က ပြန်​ပေးဆွဲသွားပါတယ် ပြန်​ပေးဆွဲသွားသူ​တွေက အင်္ဂလန်က ဘုရင်မကြီး အဲလိဇဘက်၊ ချားစ်မင်းသား၊ မင်းသားဝီလီယမ်နဲ့ကြင်ရာ​တော်ကိတ်မစ်ဒယ်တန်ရဲ့ မျက်နှာဖုံးစွပ်ထားသူ ၄​​ယောက်ဖြစ်​နေတာပါ အင်္ဂလန်​တော်ဝင်မိသားစုပုံစံလုပ်ထားတဲ့ ပြန်​​ပေးသမား​တွေက လီယိုနယူးမန်းကို ခရီး​ဆောင်အိတ်ထဲ ဖမ်းသွားတာဖြစ်သလို အခင်းဖြစ်စဉ် အစအဆုံးကိုလည်း ဗီဒီယိုရိုက်ပြီး online​ပေါ် တင်လိုက်တာ​ကြောင့် USက FBI​ရော UKမှာရှိတဲ့ ရဲတပ်ဖွဲ့​ရော ဗျာများရပါပြီ ၊ တိုက်ဆိုင်စွာပဲ အခင်းဖြစ်ပွားရာ ဟိုတယ်မှာ အခင်းဖြစ်တဲ့ညတုန်းက တည်းခိုသူ UK နိုင်ငံသား ၄​ယောက် ရှိ​နေတဲ့အခါ သူတို့က အဓိကသံသယရှိသူ​တွေဖြစ်လာပါတယ် သူတို့​၄​ယောက်ကတကယ်ပဲ ပြန်​ပေးသမား​တွေလား? အ​ကြောင်းတိုက်ဆိုင်တာလား၊? သူတို့ရဲ့သံသယက​နေ ဘယ်လိုရုန်းထွက်ကြမလဲ၊? ပြန်​ပေးဆွဲခံရသူကို​ရော ပြန်ကယ်နိုင်မလားစသဖြင့် ​မေးခွန်းများစွာကို Episode ၈ပိုင်းပါတဲ့ ဒီSeriesနဲ့ အပတ်စဉ်​​​ သောကြာ​နေ့တိုင်းမှာ ​အ​ဖြေရှာကြပါစို့ အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Yoon Sandi Aung တို့ပဲ ဖြစ်ပါတယ်