Movie Name
Coffee Do Me A Favor
Year
2018
Generes
Romance
Code
SKR0252
Type
Series
Size
5.35 GB
Country
Korea
Description
Coffee Do Me a Favor ( 2018 ) Coffee,Please ! ( 커피야 부탁해 ) အခုတစ်ခါတင်ဆက်ပေးမှာကတော့ Coffee,Please !ဆိုတဲ့ Romance ,Fancy ကားလေးဖြစ်ပါတယ် အစကတော့ တင်သင့်မတင်သင့် စဉ်းစားနေရင်း Ep 1ကြည့်လိုက်တာ မဆိုးလှတာမို့ တင်ဆက်ပေးလိုက်ရပါတယ် အဓိကပါဝင်ထားသူများကတော့ Highlight အဖွဲ့က အဆိုတော် Yong Jun Hyung ကျနော်တို့နဲ့သိပ်မစိမ်းလှတဲ့ ဝတုတ်မလေး Kim Min Young Girl Generation 1989 ထဲက မင်းသမီးချော Chae Soe Jinတို့က အဓိကပါဝင်ထားကြပါတယ်. >>>>> ဇာတ်လမ်းအကျဉ်း <<<<< လီဆောဘီဆိုတဲ့ ဝတုတ်မလေးဟာ web toon တစ်ခုမှာ လက်ထောက်အဖြစ်လုပ်နေသူလေးဖြစ်ပါတယ် စိတ်သဘောထားကောင်းမွန်ပြီး အကောင်းမြင်တတ်တဲ့သူလေးလဲဖြစ်ပါတယ် ပုံဆွဲရာမှာ တအားတော်လွန်းသူလေးလဲဖြစ်ပါတယ် သူရဲ့ web toon ဆရာအင်ဟန်ဝူးကို တိတ်တခိုးကြွေနေသူလေးလဲဖြစ်ပါတယ် သူက သဘောရိုးပေမယ့် လူအများကတော့ သူ့ကို ဝလို့ ရုပ်ဆိုးလို့ ရှောင်ဖယ်ကြပါတယ် အားငယ်စိတ်ပျက်မှုများစွာနဲ့သူမ ... နတ်ဘုရားဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်ပြီး ပြန်ထွက်လာတဲ့အခါ မိန်းကလေးတိုင်းအားကျ ယောကျာ်းလေးတိုင်းငေးယူရတဲ့ မိန်းမချောလေးဖြစ်သွားပါတော့တယ် ( ချွင်းချက်အနေနဲ့ကတော့ ကော်ဖီသောက်ပြီး ခန္ဓာကိုယ်မှာ ကဖိန်းဓာတ်ကုန်တဲ့အခါ နဂိုပုံပြန်ဖြစ်သွားတာပါ) လီဆောဘီတယောက် သူမရဲ့အလုပ်ကို ချောမောတဲ့အိုဂိုအွန်းအဖြစ်အလုပ်သးလုပ်တဲ့အခါမှာတော့., သူမရဲ့နှလုံးသားလေးကို ကိုင်လှုပ်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်မှာလဲ... သူမရဲ့ဆရာက ဝတုတ်မလေး လီဆောဘီကိုချစ်တာလား...? အရမ်းလှလွန်းတဲ့ အိုဂိုအွန်းကိုပဲ ချစ်တာလား...? လီဆောဘီနဲ့ အိုဂိုအွန်းဟာတယောက်ထဲဆိုတာ သိသွားခဲ့ရင် ကော ဘာတွေဆက်ဖြစ်လာမှာလဲ ဆိုတာတော့..,