Movie Name
MalaYerba (2021)
Year
2021
Generes
Drama, Thriller
Code
SE0210
Type
Series
Size
6.44 GB
Country
Hollywood
Description
Mala Yerba series (Season 1) IMDb 7.5/10 ကမ္ဘာကြီးတစ်ခုလုံးကို လယ်တစ်ကွက်နဲ့ တက်သိမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား…. သိပ်ကိုဖြစ်နိုင်တာပေါ့ …… ဒီလယ်တစ်ကွက်က အကောင်းစား ဆေးခြောက်ပင်တွေ စိုက်ထားဖို့ပဲ လိုပါတယ်တဲ့….. ဒီစီးရီးလေးက စပိန်စီးရီးလေး ဖြစ်ပြီးတော့ နာမည်ကို ကြည့်လိုက်ရုံနဲ့ ဒီဇိုင်းကာလာ အနေအထားကို သိနိုင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင် ကိုလမ်ဘီယာနိုင်ငံမှာ ဆေးခြောက်ပင်ကို တရားဝင်စိုက်ခွင့် ပြုလိုက်ရာက အစပြုခဲ့တာပါ။ သမ္မတဟောင်းရဲ့ မြေးဖြစ်သူ ဇာတ်လိုက်ဟာ မိသားစု အသိုင်းအဝိုင်းကြားမှာ အရှုံးသမား ဖြစ်နေခဲ့တာကြာပါပြီ…..။ တစ်ရက်ကျတော့ အခမ်းအနားတစ်ခုကနေ သတင်းထူးတစ်ခု သိုးသိုးသန့်သန့် ကြားလိုက်ရပါတယ်။ နိုင်ငံထဲမှာ ဆေးခြောက် တရားဝင်စိုက်ခွင့်ကို မကြာခင် အတည်ပြုပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ ဒါကို ကြားလိုက်ရတဲ့အခါ ဇာတ်လိုက်အနေနဲ့ လက်ဦးမှု ရယူနိုင်ရင် ဆေးခြောက်လောကမှာ မင်းမူလို့ရပြီဆိုတာ ကောင်းကောင်းကြီးသိနေပါတယ်။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဘော်ဒါတွေကို သွားရှာပြီး လူစုပါတော့တယ်။ ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာတတ်တဲ့ လောကကြီးမှာ ဘယ်လို အရှုပ်ထုပ်တွေ ဖြစ်လာဦးမလဲဆိုတာ စီးရီးထဲမှာပဲ ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။ ပရိသတ်ကြီးတွေအနေနဲ့ Money Heist တို့လို Platform တို့လို စပိန်ကားတွေကို ကြည့်ဖူးရင် စပိန်ကားတွေက ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်ကွက် အလှည့်အပြောင်း ခပ်များများ ချပြတတ်တယ်ဆိုတာ သိလောက်မှာပါ။ ဒီစီးရီးလေးကလည်း Season 1 မှာ အပိုင်း ၁၀ပိုင်းပါဝင်ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး အရှုပ်တော်ပုံကြားမှာ ဆေးခြောက်စျေးကွက်ရဲ့ ပြဿနာတွေကို ရိုက်ကူးထားတဲ့အတွက် လက်မလွတ်တမ်းစောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ Channel Myanmar ကနေ ဆယ်ပိုင်းလုံးကို ဆက်တိုက်တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။