Movie Name
Yorme (2021)
Year
2021
Generes
Biography, Drama
Code
PH0011
Type
Movie
Size
822 MB
Country
Philippines
Description
Yorme : The Issko Domagoso Story(2022) ================================= YORME :The Isko Domagoso Story (2021) ဒီတစ်ခါမှာလည်း Documentary ဇာတ်ကားကောင်းလေးကို ကြိုက်နှစ်သက်ကြတဲ့ Channel Myanmar ပရိသတ်ကြီးအတွက် အတ္ထုပ္ပတ္တိဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဝန်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းလှသူပါ။ ၂၀၁၈ ခုနှစ်က မြန်မာမှာကျင်းပခဲ့တဲ့ Miss Grand International Miss ပြိုင်ပွဲမှာပါ လာရောက်ပြီး host လုပ်ပေးခဲ့တဲ့ နာမည်ကြီးမင်းသားချော Xian Lim ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အခြား အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ဟာ အမှိုက်ကောက်၊ အမှိုက်ရှာရင်း အမှိုက်ပုံကြားမှာပဲ နေခဲ့ရပါတယ်။ ဒါပေမဲ့ ပညာလိုလားတဲ့ ၊ သင်ယူချင်စိတ်ပြင်းပြတဲ့ အများအကျိုးကို သယ်ပိုးလိုတဲ့ ဒီကလေးလေးဟာ တောက်မယ့်မီးခဲ တရဲရဲဆိုသလို နွံထဲက ကြာပန်းလိုပဲ နေရာစုံမှာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ရခဲ့တာမဟုတ်ပါဘူး။ ဘဝဇာတ်ခုံအဖုံဖုံမှာ ကပြအသုံးတော်ခံရင်း လှိုင်းတံပိုးထန် ကြမ်းတမ်းတဲ့သူ့ဘဝမှာ ဘယ်လိုဖြစ်ပြီး နိုင်ငံ့အကြီးအကဲတစ်ယောက် ဖြစ်လာသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းရုံတင်မက….. အတုယူထိုက်တဲ့ Real-life story လေးတစ်ပုဒ်ပါ။ ကဲ….ရှည်ရှည်ဝေးဝေး ညွှန်းမနေတော့ပါဘူး။ အခုပဲ down ပြီး ခံစားကြည့်ရှု လိုက်ရအောင်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။